part (3)

2.7K 387 2
                                    

Jimin's point of view

" ကျ​နော့်​ မာမီက မိန်းမ မဟုတ်​ဘူးဗျ ​ယောကျာ်းကြီး "

သူက အဲ့လိုလည်း ​ပြောချလိုက်​ပြီး​ရော ခဏ ငြိမ်​သွားတယ်​။ ကျ​နော်​လည်း ​ကြောင်​အသွားကာ မျက်​လုံး အဝိုင်းသားနဲ့ သူ့ကို ​ငေး​နေမိတယ်​။ အဟား!​နောက်​တာပါဗျ လို့ ပြန်​များ ​ပြောလိုက်​မလားလို့ ကျ​နော်​​စောင့်​​နေမိတယ်​။

မဖြစ်​နိုင်​တာကြီးကို!​သေးသွယ်​တဲ့ လက်​​ချောင်း​လေး​တွေ၊ အချိုးအစား ကျနလှတဲ့ ကိုယ်​ခန္ဓာရယ်​၊ ​ပျော့​ပြောင်း သိမ်​​မွေ့တဲ့ အဲရီးကိုးရဲ့ ဟန်​ပန်​ အမူအရာ​တွေ ကို ပြန်​​တွေးမိရင်း ​ဂျောင်​ကုစံ​ပြောတာကို ကျ​နော်​ ဘယ်​လိုမှ လက်​မခံနိုင်​ဘူး ဖြစ်​​နေတယ်​။

" ဒါဆို " ခပ်​ပြုံးပြုံးသာ လုပ်​​နေတဲ့ သူ့ကို ကြည့်​ပြီး ကျ​နော်​ စကားစလိုက်​တယ်​။

" မာမီ မာမီနဲ့ တမာမီတည်း မီ​နေတာက​ရော "

" ဟာ..ဒါက​တော့ ဂျီမင်းစံ သာဆိုရင်​ ​ရော ကျ​နော့်​​နေရာမှာ အဲ့ပုံစံမျိုးကို အ​မေလို့ ​ခေါ်လို့ ထွက်​ပါ့မလား "

သူက​တော့ သူ့ရဲ့ ပုံစံအတိုင်း တည်​ငြိမ်​စွာဘဲ ​ပြောလိုက်​တယ်​။ အင်း​လေ..သူ​ပြောတာက မှန်​​တော့ မှန်​​နေတာပဲ။

"သူ့နာမည်​က​ရော ဘာလို့ မိန်းမနာမည်​ကြီး
ဖြစ်​​နေတာလဲ "

" ​အော်​..အဲ့ဒါက သူ​ပြောင်းထားတာ
နာမည်​အရင်းက ယိုးရှိ တဲ့ "

သူ့ရဲ့စကား ​တွေကို ကျ​နော်​ နားလည်​​အောင်​လုပ်​​နေရတာ ​ခေါင်း​တောင်​ကိုက်​ချင်​လာတယ်​။
အ​ခြေအ​နေ​ပေးတာနဲ့ ကျ​နော်​လည်း ဆက်​တိုက်
မေးခွန်း ထုတ်​​နေမိ​တော့တယ်​။

" ​ဂျောင်​ကုစံကို ဘယ်​သူ​မွေးခဲ့တာလဲ "

" ဒီလိုဗျ..အရင်​တုန်းက သူက ​ယောကျာ်း​လေး ပုံစံပဲ.. ငယ်​ငယ်​တုန်းက​ပေါ့။ ​ယောကျာ်း​လေးမို့ပဲ ကျ​နော့်​ရဲ့ အ​မေနဲ့ လက်​ထပ်​ခဲ့တာ​ပေါ့..တကယ်​​တော့ သူက ကျ​နော့်​ရဲ့ အ​ဖေပါ "

The Kitchen[completed]Where stories live. Discover now