part (6)

2K 332 8
                                    

Jimin's point of view

ကျ​နော်​ ညဉ့်​အ​တော်​နက်​တဲ့ အထိ TV ထိုင်​ကြည့်​​နေမိတယ်​။ဂျောင်​ကုက ​ကျောင်းတစ်​ဖက်​ အချိန်​ပိုင်းအလုပ်​ တစ်​ဖက်​နဲ့မို့ အိမ်​မှာ လူစုံဖို့ဆိုတာ အ​တော်​​လေး ခဲယဉ်းတယ်​။

တံခါးဖွင့်​သံ​ကြောင့်​ လှည့်​ကြည့်​မိ​တော့ ​ဂျောင်​ကု ပြန်​​ရောက်​လာတာဖြစ်​​နေတယ်​။

" ပြန်​​ရောက်​လာပြီလား ​ဂျောင်​ကုစံ "

" ဟုတ်​တယ်​..ဒီမှာ ကျ​နော်​ ဝဒ်​ပရိုဆက်​ဆာ ဝယ်​လာတယ်​! "

ကျ​နော်​သတိထားမိသ​လောက်​ ​ဂျောင်​ကုတို့ သားအမိက ​ဈေးဝယ်​ရတာကို ​တော်​​တော်​သ​ဘောကျကြတယ်​။

" မိုက်​တယ်​​နော်​.. "

" ဘာစာရိုက်​ဖို့လဲဟင်​? "

" အင်း​နော်​..ဘာရိုက်​ရမလဲ မသိဘူး "

သီချင်းစာသား​တွေ ရိုက်​ကြည့်​ရင်
ကောင်းမယ်​။

" အာ..ဟုတ်​ပြီ!ဂျီမင်းစံအတွက်
အိမ်​​ပြောင်း အ​ကြောင်းကြားစာ
ရိုက်​​ပေးမယ်​ "

" ဟမ်​..ဘာလို့? "

" ​ဟောဗျာ..မြို့ကြီးထဲမှာ ဖုန်းနံပါတ်​မရှိ အိမ်​လိပ်​စာမရှိ ​နေမလို့များ စိတ်​ကူး​နေတာလား?!ဂျီမင်းစံ! "

" ဒီအ​ကြောင်းကြားစာ​တွေရိုက်​မပြီးခင်​..ကျ​နော်​အိမ်​​ပြောင်းသွားရင်​​ရော? "

" ခင်​ဗျားကလဲဗျာ~~ "

ကျ​တော်​စလိုက်​​တော့ သူ့မျက်​နှာ​လေး ညှိုးကျသွားတာနဲ့ ကျ​နော်​ကပဲ ပြန်​​ချော့လိုက်​ရ​ရော။သူနဲ့ကျ​နော်​က သိပ်​ပြီးမရင်းနှီး​သေးတာမို့ အားလည်းနာတယ်
လုပ်​ခိုင်းရမှာ။ကျ​နော့်​ချစ်​သူဆိုလည်း တစ်​မျိုး​ပေါ့။

" ​နောက်​တာပါ..​ဂျောင်​ကုစံရယ်​..ကျ​နော့်​ကို အ​ကြောင်းကြားစာ​လေး ရိုက်​​ပေး​နော်​..ဒါ​ပေမယ့်​.. "

သူ့မျက်​နှာ​လေးက စုပုတ်​ပုတ်​နဲ့..ကျ​နော့်​ဘက်​ လှည့်​ကြည့်​လာ​တော့..

" ဟို..အလုပ်​လာရှုပ်​သလို ဖြစ်​မ​နေဘူးလား?ဟို..ကျ​နော့်​​ကြောင့်​ အ​နှောက်​အယှက်​ဖြစ်​​နေပါ့မယ်​ "

The Kitchen[completed]Where stories live. Discover now