Part (16)

1.2K 202 10
                                    

[Zawgyi]

Jimin's point of view

ခရီးထွက်မယ့် မနက်ပိုင်းမှာ ရာသီဥတုက ကြည်လင်လို့နေတယ်။ကောင်ကင်ပြာဟာ လင်းချင်းလို့။

ခရီးသွားဖို့ အထုတ်အပိုးတွေ ပြင်ဆင်ပြီးတော့ ရေချိုးပြီးထွက်လာချိန် တယ်လီဖုန်းက မြည်လာတယ်။

၁၁ နာရီခွဲ_ထူးဆန်းတယ်။ဒီအချိန် ဘယ်သူမှမဆက်ဖူးဘူး။အဲ့ဒါနဲ့ စကားပြောခွက်ကို ကောက်ကိုင်လိုက်တော့...

" ဟဲလို ဂျီမင်းစံ တို့တွေမတွေ့ရတာကြာပြီနော် " ဆိုတဲ အသံပြာပြာကို ကြားလိုက်ရတယ်။ကျ​နော် ဝမ်းသာသွားပြီး...

" ကျီကကျန် " လို့ ပြန်နှုတ်ဆက်လိုက်မိတယ်။တကယ်ကို အံ့ဩမိသွားတာပါ။တယ်လီဖုန်းကနေတစ်ဆင့် တခြားစကားပြောသံတွေရော ကားသံတွေပါကြားလိုက်ရတဲ့ အတွက် အများသုံးတယ်လီဖုန်းနဲ့ဆက်နေတာကို ခန့်မှန်းမိလိုက်တယ်။ ဒါပေမယ့် ကျနော်ဒီ အသံရှင်ကို ကောင်းကောင်းသိတာပေါ့။တစ်ခါတည်း မျက်နှာကိုပါ မြင်ယောင်လာမိတယ်။

ကျီကကျန်ဟာ အဲရီးကိုး အလုပ်လုပ်နေတဲ့ စားသောက်ဆိုင်က စားဖိုမှုး။သူမလည်း အဲရီးကိုးလိုမျိုး မိန်းမလျာတစ်ယောက်ပဲ။အရင်တုန်းကဆိုရင် ဂျောင်ကုတို့ အိမ်မှာ မကြာခဏလာတည်းဖူးတယ်။ အဲရီးကိုးဆုံးပြီးနောက်ပိုင်း သူမက အဲ့ဒီဆိုင်မှာပဲ အလုပ်ဆက်လုပ်တယ်။သူမလို့သာ ပြောနေပေမယ့် သူက အဲရီးကိုးလောက် မလှဘူး။ ​ယောကျာ်းပိုဆန်နေတယ်။ဒါ​ပေမယ့် သူက ကိုယ့်ကိုကိုယ်တော့ အတော်လေး လှပအောင် ပြင်ဆင်တတ်တယ်။ပိန်ပိန်သွယ်သွယ်နဲ့ အရပ်လည်းပိုမြင့်တယ်။

တစ်ခါကဆိုရထားပေါ်မှာ ကျောင်းသားလေးတစ်ယောက်က နောက်ပြီး သူ့စကပ်စကို ဆွဲလှန်လိုက်လို့တဲ့။ရှက်ပြီး ကြူကြူပါအောင် ငိုပါလေရော။သူက အရမ်းအားငယ်တတ်တယ်။ ကျနော်လို့ ပုပုသေးသေးဖြူဖတ်ဖြူရော်က မှ သူ့ထက် ပိုပြီး သန်မာတဲ့ပုံ​ပေါက်​သေးတယ်။

" အမ ဘူတာရုံကနေဆက်နေတာ ခဏလောက် အပြင်ထွက်လို့ မရဘူးလား ပြောစရာလေးရှိနေလို့ နေ့လည်စာရော စားပြီးပြီလား "

The Kitchen[completed]Tahanan ng mga kuwento. Tumuklas ngayon