Part (12)

1.3K 231 4
                                    

[Zawgyi]

📜အဲရီးကိုး၏ ​သေတမ်းစာ📜

ဂျောင်​ကု

ကိုယ့်​သားကို ပြန်​ပြီး စာတစ်​တန်​ ​ပေတစ်​တန်ရေးရတာ ရှက်​စရာ​ကောင်း​နေမလားမ​ပြောတတ်​ဘူး။

ဒါ​ပေမယ့်​ ခုတ​လော မာမီ့စိတ်​ထဲမှာ
လေး​နေတယ်။မပြော​ကောင်း မဆို​ကောင်း တစ်​ခုခုများဖြစ်​သွားရင်​ဆိုတဲ့စိတ်​နဲ့ ဒီစာကို​​ရေးခဲ့တာပဲ။

အ​ပြောင်​အပျက်​လို့ သ​ဘောထားလည်း
ရပါတယ်​။ဘာမှဖြစ်​မလာဘူးဆိုရင်​​တော့ ဒီစာကို မာမီနဲ့သား အတူဖတ်​ရင်း ရယ်​ကြတာ​ပေါ့ကွယ်​။

သေချာ စဉ်းစားကြည့်​ရင်​​လေ
မာမီစိတ်​ပူမိတယ်​။မာမီသာ ​သေသွားရင်​ငါ့သား​လေးက
တစ်​​ကောင်​ကြွက်​ဖြစ်​သွားမှာ။ ဂျီမင်းစံ ​လေးနဲ့ ဘဝတူ​တွေ​ပေါ့။ မာမီ​ပြောတာ ဂျီမင်းစံ​လေးကို
ကဲ့ရဲ့တဲ့သ​ဘောမျိုးမပါပါဘူးကွယ်​။

မာမီတို့မှာ​ဆွေမျိုးဆိုလို့ ရှိ​တော့တာမဟုတ်​ဘူး။
မင်းရဲ့ ​မေ​မေနဲ့ အိမ်​​ထောင်​ကျကတည်းက မင်း​မေ​မေရဲ့ ​မိဘ၊ ဘိုးဘွား​တွေက စိတ်​ဆိုးပြီး အဆက်​ဖြတ်​ခဲ့ကြတယ်​။အဲ..မာမီလည်း မိန်းမအသွင်​​ပြောင်းလိုက်​​ရော အမျိုးမျိုးကဲ့ရဲ့ပြစ်​တင်​ပြီး​ဆွေမျိုးဆိုလို့ တစ်​​ယောက်​မှ မလာကြ​တော့ဘူးကွယ်​။မာမီမှာချင်​တာက
မာမီ​သေသွားပြီးတဲ့​နောက်​ သူတို့နဲ့ လုံးဝမဆက်​သွယ်​​စေချင်​ဘူး။ငါ့သား မာမီ​ပြောချင်​တာကို နားလည်​မှာပါ။

သား​လေး ​ဂျောင်​ကု ​လောကကြီးထဲမှာ​လေ တချို့လူ​တွေဟာ သိပ်​အံ့ဩဖို့​ကောင်းတယ်​။မှောင်​မိုက်​တဲ့ ​နေရာကိုမှ ​ရွေးပြီး​ပျော်​ပါးချင်​သူ​တွေ၊ တစ်​ဖက်​သား ဒုက္ခ​ရောက်​သွားမှ ​ပျော်​တတ်​ကြတဲ့သူ​တွေ၊တမင်​ ညစ်​ပြီး ​ထောင်​​ချောက်​ဆင်​တတ်​တဲ့သူ​တွေ အများကြီးပဲကွယ်။
သားလည်း သူများကိုမ​ကောင်းကြံမိ​စေနဲ့။
အဲ့လိုသူများကို မ​ကောင်းကြံတဲ့သူ​တွေဟာ ကိုယ်​တိုင်​ပဲ ဒုက္ခ​ရောက်​ကြရတာ မာမီ့မျက်​မြင်​ပဲ။

The Kitchen[completed]Where stories live. Discover now