part (2)

3.3K 405 16
                                    

Jimin's point of view

ညဦးပိုင်း မှာ မိုးဟာ တဖွဲဖွဲပဲ ကျလာလေတော့တယ်။
ဒါပေမယ့် အေးစက်နေတာမျိုး မဟုတ်ဘဲ နွေးထွေးတဲ့ မိုးရေစက်တွေနဲ့ မှိုင်းပြပြ လမ်းမကြီးရဲ့ အလယ် ကျနော် ဂျောင်ကုစံ ပေးသွားတဲ့ လိပ်စာကဒ်လေး ကိုင်ပြီး ယောင်ချာချာ ရပ်နေမိတယ်။ထာနာဘဲခွန် ရဲ့ အခန်းက ကျနော်တို့ တိုက်ရဲ့ ဟိုးဘေးတစ်ဖက်မှာ ရှိတဲ့ အမျိုးသားပန်းခြံ ရဲ့ တစ်ဖက်ခြမ်းမှာ မားမားကြီး ရှိနေတဲ့ ကွန်ဒိုမီနီယမ် ကြီးလေ။အတော်ကို မြင့်မား ခေတ်မီတယ်ဗျ။ လိမ္မော်ရောင် မီးတွေ ဖြန့်ကျက်ထားတဲ့ မီးတိုင်တွေနဲ့ မိုးရေ စက်တစ်ဖွဲဖွဲတွေကြား ကျနော် ဒီအတိုင်းပဲ ဖြေးဖြေးမှန်မှန်လျှောက်လာမိတယ်။

ဂျောင်ကုစံတို့နေတဲ့ အထပ်က ဆယ်ထပ်မြောက်မှာ ဆိုတော့ အဲ့ဒီကနေသာ တိုကျိုမြို့ရဲ့ ညရှုခင်းကို ကြည့်မယ်ဆိုရင် သိပ်ကို လှနေမှာ။ ဓာတ်လှေကား နဲ့ တက်လိုက်ပြီး ကော်ရစ်တာ တစ်လျှောက် လျှောက်လှမ်းလာလိုက်တယ်။

သူတို့ အခန်းရှေ့ရောက်တော့ လူခေါ်ဘဲလ်ကို နှိပ်လိုက်ပြီး ချက်ချင်းဆိုသလို တံခါးက ပွင့်ပြီး ဂျောင်ကုစံက ကျနော့်ကို နှုတ်ဆက်တယ်။

" ဂျီမင်းစံပဲ..ကြွပါဗျာ "

သူတို့အခန်းက အတွင်းအပြင်အဆင်တွေ အရမ်း ကောင်းတယ်။ တန်ဖိုးကြီးပုံစံမျိုးပေါ့။ ကျနော့်ရဲ့ ထုံးစံ အတိုင်း မီးဖိုဘက်ကို အကြည့်ရောက်မိတော့ မီးဖိုခန်းနဲ့ တစ်ဆက်တည်းလိုမျိုး ဖြစ်နေတဲ့ ဧည့်ခန်းနံရံမှာ နေရာချထားတဲ့ ဆိုဖာကြီးကို တော်တော်လေး သဘောကျသွားမိတယ်။ ဆိုဖာက အကြီးကြီးပဲဗျ။ မိသားစုအစုံ တောင်မှ ထိုင်ပြီး တီဗီကြည့်လို့ရနိုင်တယ်။ ဆိုဖာက အညိုရောင်ကတ္တီပါစနဲ့ ချုပ်ထားပေမယ့် အရောင်က မှိုင်းမနေဘဲ တောက်ပနေပြီး အရမ်းခန့်ညား တယ်။

အခန်းရဲ့ အပြင် ဝရန်တာ ဘက်မှာတော့ သစ်ပင်လေးတွေ စိုက်ထားတာရယ်။ရာသီအလိုက် ပန်းမျိုးစုံကို အိုးကြီး အိုးသေးနဲ့ စီစီရီရီလေး ပြင်ဆင်စိုက်ပျိုးထားတာ ချစ်စရာကောင်းလိုက်တာ။စိတ်ကိုကြည်နူးသွားစေတယ်။ တောအုပ်ကလေး ကျရောဘဲ။

The Kitchen[completed]Where stories live. Discover now