part (7)

1.9K 297 2
                                    

Jimin's point of view

တစ်​ညတည်းမှာဆိုသလိုပဲ အဲရီးကိုးလည်း စက္ကူအိတ်​ကြီးတစ်​လုံး ပိုက်​ပြီး အိမ်​ထဲ ပြန်​ဝင်​လာတယ်​။

"ဟင်​ အလုပ်​မသွားရဘူးလား?"

ဂျောင်​ကုက လှမ်း​မေးလိုက်​တယ်​။

"အင်းသွားရမှာပါ​ကွယ်​..ဒါ​လေးလာပို့တာ..ကြည့်​စမ်း မာမီ ​ဖျော်​ရည်​စက်​ဝယ်​လာတယ်​"

ပြောလည်း​ပြောရင်းနဲ့ သူဝယ်​လာတဲ့အထုတ်​ထဲက ကတ္ထူဘူးကို ဝမ်းသာအားရ ထုတ်​​နေသည့်​ အဲရီးကိုး။ကျ​နော်​​တော့ စိတ်​ထဲက​နေပဲ..​ဟော ဝယ်​လာပြန်​ပြီ လို့ပဲ​တွေးမိလိုက်​တယ်​။

"အဲ့ဒါ​ကြောင့်​ ခဏအိမ်​ပြန်​လာတာ..မင်းတို့ စမ်းပြီး​ဖျော်​​သောက်​ကြည့်​ကြနှင့်​​လေ"

ဂျောင်​ကုစံက ထိုကတ္ထူဘူးအားချည်​ထား​သောကြိုးများကို ကတ်​​ကြေးနှင့်​ကူဖြတ်​​ပေးသည်​။

"တယ်​လီဖုန်း ဆက်​လိုက်​​ရော​ပေါ့ မာမီရာ..ကျ​နော်​လာသယ်​မှာ​ပေါ့"

"ရပါတယ်​ကွယ်​..ဒီ​လောက်​​တော့ မာမီသယ်​နိုင်​ပါတယ်​"

ဖျော်​ရည်​စက် က​​​ အကြီးကြီးပဲ!ဘာမဆိုထည့်​ ​ဖျော်​လို့ရမယ်​ထင်​ပါရဲ့။

"​အေးကွယ်​..မာမီလည်း လတ်​လတ်​ဆတ်​ဆတ်​သစ်​သီး​လေး​တွေ ​ဖျော်​​သောက်​ရရင်​ အသားအ​ရေ​တွေများ ကြည်​လင်​လာမလားလို့ပါ"

"မာမီက အို​နေပါပြီဗျာ ​ဖျော်​ရည်​ဘယ်​​လောက်​​သောက်​​သောက်​ ထူးမလာ​တော့ပါဘူး"

အသုံးပြုနည်း အညွှန်းကိုဖတ်​​နေရင်း ​ဂျောင်​ကု က ဝင်​​ပြောလိုက်​​လေ၏။

သူတို့သားအမိနှစ်​​ယောက်​ ဟိုဟိုဒီဒီစ​နောက်​​နေကြတာကြည့်​ရင်း ကျ​နော်​လည်း အလိုက်​​သင့်​ ပြုံးရယ်​မိသည်​။

"ဟယ်​..ဂျီမင်းစံ ပို့စ်​ကတ်​​လေး​တွေ ​ရေး​နေတယ်​..အိမ်​​ပြောင်းအ​ကြောင်းကြားစာ​တွေလား"

သူ့အနီးအနားမှာ ချထားတဲ့ ပို့စ်​ကတ်​​လေး​တွေကို မြင်​သွားဟန်​ အဲရီးကိုးက ​မေးလိုက်​သည်​။ကျ​နော်​က ​ခေါင်းငြိမ့်​ပြ လိုက်​​တော့..

The Kitchen[completed]Wo Geschichten leben. Entdecke jetzt