Part (15)

1.8K 256 18
                                    

[Zawgyi]

Jimin's point of view

သွားပွတ်​တံ ၊ မျက်​နှာသုတ်​ပဝါနဲ့ တခြားလိုတာ​တွေက ​ဂျောင်​ကုအိမ်​မှာ ကျန်​ခဲ့တာမလို့ ည​နေပိုင်း အဲ့ဒီကိုပဲ ဦးတည်​ခဲ့ရ​တော့တယ်​။ ကျ​နော်​​ရောက်​​တော့ ​ဂျောင်​ကု အိမ်​မှာ မရှိဘူး။ အပြင်​သွား​နေတယ်​ပါထင်​ရဲ့။ကျ​နော်​ ဗိုက်​ဆာလာတာနဲ့ ကိုယ့်​သ​ဘောနဲ့ကိုယ်​ curry rice ချက်​စားလိုက်​တယ်​။

ကျ​နော်​က ဒီအခန်းမှာအ​တော်​​လေး ​နေသားကျ​နေပြီ။ကိုယ်​​နေချင်​သလို လွတ်​လွတ်​လပ်​လပ်​​နေ​နေမိတာ။ ကျ​နော်​စားလို့မပြီး​သေးခင်​ ​ဂျောင်​ကုပြန်​​ရောက်​လာ​ရော။

" ​ပြန်​လာပြီလား "

ကျ​နော်​ ​​မော့မကြည့်​ဘဲ နှုတ်​ဆက်​လိုက်​တယ်​။ဘာအပြစ်​မှ လုပ်​မထား​ပေမယ့်​ ကျ​နော်​ ​ဂျောင်​ကုကို မကြည့်​ရဲ​သေး။ဂျောင်​ကုကို ခရီးထွက်​ဖို့ကိစ္စ​ရော ဟိုမိန်းမကိစ္စ​ရော ​ပြောရမှာဝန်​​လေး​နေမိတယ်​။ဒါ​ပေမယ့်​ ​ပြောမှဖြစ်​မှာပါ​လေ။

" ​ဂျောင်​ကု!ကျ​နော်​ သန်​ဘက်​ခါ​လောက်​ အီဇူဘက်​ကို ​ခရီးထွက်​စရာရှိတယ်​ ဘာမှမပြင်​ဆင်​ရ​သေးလို့ ဒီ​နေ့​တော့ အိမ်​ပြန်​လိုက်​ဦးမယ်​ curry rice ​တွေ အများကြီးချက်​ထားတာ စားလိုက်​ဦး​နော်​ "

" ဟုတ်​လား " သူက​လေသံတိုးတိုး​လေးနဲ့ဆိုတယ်​။ပြီးမှ..

" အိမ်​ကို ကိုယ်​လိုက်​ပို့မယ်​​လေ " အဲ့လိုမျိုးပြုံးရင်းက ဆိုလာတယ်​။ကျ​နော်​လည်း ဘာမှဆက်​မ​ပြောဘဲ ပြုံးပြီး ​ခေါင်းငြိမ့်​ပြလိုက်​မိတယ်​။

ဂျောင်​ကုနဲ့ ကျ​နော်​ စီးလာတဲ့ကား​လေးက နီယွန်​မီး​တွေနဲ့ မြို့လယ်​ကို ဖြတ်​သန်း​မောင်းနှင်​ပြီး ၁၀ မိနစ်​​လောက်​အကြာမှာ​တော့ ကျ​နော့်​အိမ်​ကို ​ရောက်​လာခဲ့တယ်​။

" ​ဂျောင်​ကု "

" ဟင်​ " ​ဂျောင်​ကုက ကျ​နော့်​ဘက်​ကို လှည့်​လာပြီး ​ထူးတယ်​။

" ကျ​နော်​​လေ.."

တောင်းဆိုကြည့်​ချင်​တယ်​။ခရီးမထွက်​ခင်​​လေး။

The Kitchen[completed]حيث تعيش القصص. اكتشف الآن