Part(18)

1.1K 200 16
                                    

[Unicode]

Jimin's point of view

ဒီလိုနဲ့ ဆိုင်ကထွက်လာခဲ့တဲ့ကျနော်ဟာ ညသန်းခေါင်ချိန်လောက်မှာ ကတ်စုဒွန်းပါဆယ်ထုတ်တွေကိုင်ပြီး လမ်းမအလယ် ယောင်တောင်တောင်နဲ့ ငါဘာလုပ်နေပါလိမ့်လို့လည်း တွေးမိသေးတယ်။အဲ့လိုတွေးနေတုန်း တော်တော် အဆင်သင့်တာပဲ ကျနော့်ရှေ့ကို Taxi တစ်စီး ရပ်လာခဲ့တယ်။ကျနော်လည်း Taxi ပေါ်တက်လိုက်ပြီး...

" အီဆဲဟာရ မြို့ထိပို့ပေးပါ "

လို့ တည်တည်ငြိမ်ငြိမ်ပဲပြောလိုက်တယ်။

" ဟယ် အီဆဲဟာရ? "

ဒါရိုက်ဘာကြီးက အံအားသင့်ပြီး ကျနော့်ဘက်လှည့်ကြည့်လိုက်တယ်။

" ဦလေးအတွက်က ပိုက်ဆံရမှာမို့ ကိစ္စမရှိပါဘူး ဒါပေမယ့် အီဆဲဟာရက အဝေးကြီး ကားခလည်း အများကြီးကျမယ် "

" ရပါတယ် ကျနော့်မှာ အရေးကြီး ကိစ္စရှိနေလို့ပါ "

ကျနော်ဟာ Dauphin အိမ်ရှေ့မင်းသားရဲ့ ရှေ့မှာရောက်နေတဲ့ Joan of Arc မင်းသမီးကလေးရဲ့ တည်ငြိမ်နေပုံမျိုးနဲ့ခပ်တည်တည်ထပ်ပြောလိုက်တယ်။ကျနော့်ကိုယ်ကျနော်လည်း ယုံကြည်မှုက အပြည့်ဖြစ်နေတယ်လေ။

" အဲ့ဒီကို ရောက်တဲ့အခါ ကျနော် ကားခရှင်းပေးပါ့မယ် ပြီးတော့ မိနစ်၂၀လောက်စောင့်ပြီး ကျနော့်ကိစ္စပြီးတဲ့အခါ ဒီကို ပြန်ပို့ပေးပါလား "

" လုပ်လိုက်လေ ကြာသလားလို့ "

ဒါရိုက်ဘာကြီးက ရယ်မောပြီး ပြန်ပြောလာတယ်။ကျနော်လည်း ပြုံးလိုက်မိပြီး...

" အဲ့ဒါဆို လမ်းအတိုင်းသာ မြန်မြန်ရောက်အောင် ပို့ပေးပါ "

" ရပါတယ် ပို့ပေးရတာပေါ့ "

Taxi လေးဟာ ညဥ့်နက်သန်းခေါင်ယံအချိန်မှာအီဆဲဟာရမြို့ဆီဦးတည်ပြီး အဝေးပြေးလမ်းမကြီးအတိုင်း တရွေ့ရွေ့ပြေးလွှားလျှက်....။
နေ့လည်ကတအားပင်ပန်းခဲ့လို့ထင်တယ် ကားပေါ်ရောက်ပြီး စထွက်တာနဲ့ မကြာခင် ကျနော်မှေးခနဲ အိပ်ပျော်သွားတယ်။ကားလေးက အရှိန်ကောင်းကောင်းနဲ့ ပြေးလွှားနေတုန်းမှာပဲ ကျနော်ရုတ်တရက် လန့်နိုးလာခဲ့တယ်။နိုးသာနိုးလာတာ ခြေတွေ လက်တွေက မမနိုင်သေးဘူး။ခဏကြာမှ မှောင်မဲနေတဲ့ အပြင်ဘက်ကို ကားပြတင်းကနေကြည့်ရင်း ကိုယ်ကိုပြင်ထိုင်လိုက်တော့မှ ဒါရိုက်ဘာဦးလေးကြီးက_

The Kitchen[completed]Where stories live. Discover now