Part (19)

1.3K 216 6
                                    

[Unicode]

Jimin's point of view

" အရသာရှိလွန်းလို့ တစ်ယောက်တည်း စားမဝင်တာသိရဲ့လား "

ကျနော်က ပြောပြီးပြီးချင်းပဲ ကျောပိုးအိတ်ထဲက ကတ်စုဒွန်း ပါဆယ်ထုတ်လေး ကို ထုတ်ပေးလိုက်တယ်။နွေးထွေးပုံရတဲ့ မီးရောင်လေးက ကြမ်းပြင်က အခင်းပေါ်ဖြာကျလို့နေတယ်။ ခင်းထားတဲ့ မွေ့ယာကတော့ ခုဏကမှ ဂျောင်ကုထလာခဲ့လို့ အပုံလိုက် ကြမ်းခင်းပေါ်မှာရှိနေလေတယ်။TV ထွက်ပေါ်နေတဲ့ အသံတိုးတိုးရယ်သာ ပတ်ဝန်းကျင်ကလှုပ်ရှားလို့နေလေရဲ့။

"ကိုယ့်ကို ကြွေးဖို့ ဒီအထိ လာခဲ့တာပေါ့ ဂျီမင်းစံ "

ဂျောင်ကုက အခြေအနေကို အခုထိ ယုံရခက်နေဟန်ပါပဲ။ ကျနော် တော့ မွေ့ယာခင်း ပေါ်မှာထိုင်ချလိုက်ရင်း ဘာမှပြန်မပြောမိ။ ခုဏကထိ တအားပင်ပန်းနေခဲ့တာ တွေ့ကြောင့် ထင်ပါရဲ့။

"အရင်ကလည်းဒီလိုအဖြစ်မျိုးကြုံဖူးသလိုပဲ "

" အိမ်မက်ထဲမှာ နေမှာပေါ့ "

" သီချင်းလေး ဘာလေး ဆိုကြမလား "

ကျနော်ရယ်လိုက်မိတယ်။ဂျောင် ကုကလည်း လိုက်ပြုံး လေတယ်။ သူ့မျက်နှာလေးကို မြင်လိုက်တော့လည်း ကြို ပူပန်နေခဲ့ သမျှတွေ လျှော့ပါးသွားတာပါပဲ။ ကျနော့်ရဲ့ နှလုံးသားကလည်း အခုမှ ခုန်လှုပ်နေတော့တယ်။ဂျောင်ကုရဲ့ စူးရှတဲ့ မျက်ဝန်းဝိုင်းတွေကိုလည်း အလိုလိုရင်း ကြောက်နေမိသလိုပဲ။ အဲ့ဒါနဲ့ ကျနော်လည်း....

"  ဂျောင်ကု ကျနော်လေ အခုပြန်သွားရမှာမလို့ လက်ဖက်ရည်ပူပူလေး တစ်ခွက်လောက်တိုက်ပါ့လား "

ဂျောင်ကုက စိတ်မကောင်းဖြစ်သွားလား တော့ မပြောတတ်ဘူး။မဟုတ်လည်း သူကျနော့်ကို တွေ့ကတည်းက စိတ်ညစ်ရင် ညစ်နေမှာ။သူက လောကကြီးရဲ့ အရှိတရားတွေကနေ ရှောင်ထွက်ချင်လို့ အခုလို အသိမိတ်ဆွေမရှိတဲ့နေရာမှာ ခဏ လာအနားယူတာပဲလေ။ကျနော့်ကို မြင်လိုက်တော့ အရင် က အကြောင်းတွေ ပြန်သတိရပြီး သူ့ရဲ့စိတ်ကို ပိုထိခိုက်အောင် လုပ်မိလား မပြောတတ်ပါ။

" ဟုတ်ပါပြီ " သူက အဲ့လိုပြောပြီး သူက လက်ဖက်ရည်အိုးလေးကို သယ်လာတယ်။ပြီးမှ အငွေ့တထောင်းထောင်းထွက်နေတဲ့ လက်ဖက်ရည်ပန်းကန်လေးကို ကမ်းပေးလာတယ်။ကျနော်လည်း ချက်ချင်း တဖူးဖူးမှုတ်သောက်လိုက်တော့ အချမ်းပြေပြီး လန်းဆန်းသွားတော့တယ်။ခဏတာတိတ်ဆိတ်သွားတဲ့ အခန်းထဲ ကျနော့်ရဲ့အတွေးထဲရှိနေတဲ့စကားတွေကို ပြောသင့်လား စဉ်းစားနေမိတယ်။

The Kitchen[completed]Where stories live. Discover now