Part (14)

1.4K 221 9
                                    

[Zawgyi]

Jimin's point of view

" ဒါက ​ဂျောင်​ကုအထင်​ပါ အထင်​နဲ့ လက်​​တွေ့က သပ်​သပ်​စီ "

" ဟုတ်​ပါတယ်​ မင်း​ပြောတာ​တွေလည်း မှန်​ပါတယ်​ ခု​တော့ကိုယ်​ စိတ်​ထဲရှင်း​နေပြီ "

ဂျောင်​ကုက သူ့ကိုယ်​သူဘာ​တွေ​ပြော​နေမှန်း သိမယ်​မထင်​ဘူး။အိပ်​ချင်​မူးတူးနဲ့ ဗလုံးဗ​ထွေး​ပြော​နေ​တော့တယ်​။

" မာမီမရှိ​တော့တဲ့​နောက်​မှာ ဂျီမင်းကိုယ့်​စီ​ရောက်​လာမယ်​ ပြီးရင်​ ကိုယ့််​ပုံကိုကြည့်​ပြီး စိတ်​ပျက်​​ဒေါသထွက်​ပြီး ပြန်​ထွက်​သွားမယ်​ ကိုယ်​က ဒီအခန်းထဲမှာအရင်​တုန်းက အ​ကြောင်း​တွေ ပြန်​​​တွေးပြီး သတိရ​နေမယ်​ အချိန်​တိုင်း.."

သူက သက်​ပြင်းဖွဖွချရင်းက တိုးတိုး​​ပြော​နေတယ်​။

" တကယ်​​တော့ ဒီဆိုဖာ​လေး​ပေါ်မှာ ဂျီမင်းစံအမြဲ​ရောက်​လာမယ်​လို့ ကိုယ်​​မျှော်​လင့်​​နေခဲ့တာ..ခု​တော့ ကိုယ်​တစ်​​ယောက်​တည်းဖြစ်​​တော့မယ်​ အဲ့လို​တွေးမိရင်​ ဘာမှလည်း စားချင်​စိတ်​မရှိ​တော့ဘူး ကိုယ်​တိုင်​ ချက်​စားဖို့ ကြိုးစားကြည့်​ပါတယ်​ ဒါ​ပေမယ့်​ အဲ့ဒါလည်း စိတ်​မပါပြန်​ဘူး ဘာမှမစားဖြစ်​​တော့ အရက်​ပဲ ​သောက်​မိတယ်​ "

ဂျောင်​ကုက ဆက်​ကာ ​ပြော​နေတယ်​။

" ကိုယ်​ခံစား​နေရတာ​တွေ ဂျီမင်းကို ရင်​ဖွင့်​လိုက်​ရင်​​လေ ဂျီမင်းစံ ကိုယ့်​ကို နားလည်​လာပြီး အိမ်​မပြန်​​တော့ဘဲ ကိုယ်​နဲ့အတူလာ​နေမှာ​ပေါ့လို့ စိတ်​ကူးမိ​သေးတယ်​ ဒါ​ပေမယ့်​ အဲ့ဒါကလည်း စိတ်​ကူးသပ်​သပ်​ပဲလို့ ​တွေးမိတိုင်း စိုးရိမ်​လာပြန်​​ရော ကိုယ်​သာ​ဖွင့်​​ပြောလိုက်​လို့ ဂျီမင်းစိတ်​ဆိုးပြီး ထွက်​သွားမယ်​ဆိုရင်​ ဒီထက့်​ပိုပြီး ကိုယ်​ခံစားရ​တော့မှာ အဲ့ဒါ​ကြောင့်​ ယုံကြည်​မှုမရှိဘူး "

" ဒါက​တော့ ခင်​ဗျားအ​တွေးနဲ့ခင်​ဗျားကိုး "

ကျ​တော်​ ခပ်​ဆက်​ဆက်​​လေသံနဲ့ ​ပြောလိုက်​​ပေမယ့်​ သူ့ကို ကရုဏာသပ်​​နေမိတာ ခက်​တယ်​။ကျ​နော်​ သူနဲ့မ​တွေ့ရခင်​ကတည်းက စိတ်​ချင်းဆက်​နွယ်​​​နေခဲ့သလို သူ့ခံစားချက်​​တွေကို နက်​နက်​ရှိုင်းရှိုင်း နားလည်​​နေခဲ့တာပါ။မူး​နေ​ပေမယ့်​ ​ဂျောင်​ကုလည်း ကျ​နော့်​ခံစားချက်​​တွေကို ရိပ်​မိမှာပါ။ဒါနဲ့ပဲ သူကဆက်​​ပြောတယ်​။

The Kitchen[completed]Where stories live. Discover now