1 🪢

3.6K 363 145
                                    

ရေကူးကန်ရဲ့ဘေးတွင်ဒူးခေါင်းကိုလက်နှစ်ဖက်ဖြင့်သိမ်းပွေ့ရင်းဆောင့်ကြောင့်ထိုင်ချလိုက်သောအခါ.. ပြာလဲ့လဲ့ရေမျက်နှာပြင်ပေါ်တွင်ပေါ်လာတဲ့သူ့ရဲ့ပုံရိပ်ကိုမမြင်တွေ့လိုစွာလက်ဖြင့်ခပ်ကြမ်းကြမ်းထိုးခွင်းဖျက်ဆီးလိုက်၏။ မြန်ဆန်စွာဖြစ်ပျက်သွားသောအဖြစ်အပျက်တို့သည် သူ့ရင်ထဲသို့နွေရာသီကစောစီးစွာရောက်လာသလိုပူလောင်ရလွန်းပါသည်။ သူ့ရဲ့အမှန်တရားကိုဖော်ထုတ်ဖို့အတွက်အဲ့ဒီ့အမှန်တရားဆိုတာကြီးကိုဘယ်ကနေခြေရာကောက်ပြီးရှာရမှန်းလည်းသူမသိပါ။ ညကအဖြစ်ကိုcctv မှစစ်ဆေးပေးဖို့တောင်းဆိုကြည့်တော့လည်းဟိုတယ်ရဲ့policy အရ ရဲစခန်းရဲ့ထောက်ခံစာမပါဘဲ cctv ကိုစစ်ဆေးခွင့်မရှိလို့ဆိုလာပြန်သည်။ အဲ့ဒီ့တော့သူဘာဆက်လုပ်ရမည်နည်း။ ရဲစခန်းမှာပဲတိုင်ချက်ဖွင့်လိုက်ရမလား...

"The number you dial.. "

ဖုန်းကိုင်မှာမဟုတ်မှန်းသိပေမယ့်အရင်သံယောဇဥ်ဆိုတဲ့မျှော်လင့်ချက်သေးသေးလေးကိုမျှော်ကိုးပြီးကြိုးစားကြည့်သည်။ ဒါပေမယ့်သူ့ရဲ့အားထုတ်မှုကအချည်းအနှီးသာ.. ဂျွန်းကဖုန်းလည်းမကိုင်.. လူချင်းလည်းအတွေ့မခံတော့ခက်သည်။

"ဟင်း"

သက်ပြင်းတစ်ချက်လေးကန်စွာချရင်းမတ်တပ်အထမှာ.. အနောက်မှတစ်စုံတစ်ယောက်ရဲ့အရှိန်ပြင်းပြင်းနှင့်ဝင်တိုက်ခြင်းကိုခံလိုက်ရသည်။ နဂိုကတည်းကရေကူးကန်ဘောင်ရဲ့အစပ်တွင်ရပ်နေမိတာမို့..

"အမေ့!"

လန့်အော်ပစ်သည့်နောက်မှ လူက လေဟာနယ်ထဲရုတ်ခြည်းယိုင်ကျသွားပေမယ့်မိမိရရဖမ်းဆွဲသောလက်တစ်ဖက်ရဲ့ကျေးဇူးကြောင့်ရေကူးကန်ထဲသို့ပစ်ခနဲကျမည့်အဖြစ်မှကင်းလွတ်ခွင့်ရသွားသည်။

"Thank... ခင်ဗျား.."

မီးရောင်အောက်တွင်မြင်လိုက်ရသည့် မှတ်မိနေတဲ့မျက်နှာတစ်ခုကြောင့် ကျေးဇူးတင်စိတ်တွေကလေဟာနယ်ထဲသို့အငွေ့ပျံသွားသည်။

"ခင်ဗျား.. တမင်ဝင်တိုက်တာမဟုတ်လား"

"ဘာ!"

အမူးသမားတစ်ယောက်ရဲ့တွန်းတိုက်ခြင်းခံလိုက်ရတာမို့ရေကန်ထဲကို့ရို့ကားယားပြုတ်ကျမယ့်အဖြစ်ကို အမြင်မတော်လို့ဝင်ကူညီပေးမိခါမှအစွပ်စွဲခံလိုက်ရသဖြင့်ဆောင့်တက်လာတဲ့ဒေါသကထောင်းခနဲ။ ဒီဟာလေးကိုဖြစ်ချင်ရာဖြစ်ဆိုပြီးဒီအတိုင်းလွှတ်ထားလိုက်ရမှာ..

Tie the Knot (✔️)Where stories live. Discover now