~ကလောင်.. ကလောင်.. ကလောင်~
ကျောင်းဆင်းခေါင်းလောင်းသံကသူ့ခန္ဓာထဲရှိဆဲလ်တစ်ခုချင်းစီတိုင်းကိုလတုန်ခါအောင်လှုံ့ဆော်ပေးနေတာကြောင့်သူ့ခန္ဓာကိုယ်သည်မတ်ခနဲဖြစ်သွားသည်။ စိတ်လှုပ်ရှားမှုများကြောင့်လှုပ်ယိမ်းနေသောမျက်ဆံနက်တို့ဦးတည်ရာကတော့နေ့ကလေးထိန်းကျောင်းလေးရဲ့တံခါးဝါဝါတွင်သာ။
"ဦး"
လက်လေးနှစ်ဖက်ကိုကားပြီးသူ့ဆီကိုဝမ်းသာအားရပြေးလာတဲ့ဟူချူလေးကိုဆီးကြိုပွေ့ပိုက်ထားလိုက်ရင်း ရင်ထဲမှာငိုချင်စိတ်ပြင်းပြလာရတော့သည်။ ကံကြမ္မာကသူ့ရုံးခန်းထဲအရောက်ပို့ပေးခဲ့တဲ့ပိစိအတတ်ကလေးဟာ.. သူ့သွေးသားအရင်းအခြာဖြစ်နေသတဲ့လေ။ သူ.. ဟူချူ့ကိုပွေ့ဖက်ထားရင်းရင်ထဲမှာစို့နင့်လာသည်။
"တောင်းပန်ပါတယ်"
"ဦးကဟူချူ့ကိုဘာလို့တောင်းပန်တာလဲ။ Appa လိုပဲဟူချူ့ရဲ့အရုပ်တွေကိုသူများပေးပစ်လိုက်လို့လား။ အဲ့ဒါဆိုရင်တော့.. ရပါတယ်။ ဟူချူကအရုပ်နဲ့မဆော့ရလည်းဘာမှမဖြစ်တော့ဘူး။ ဟူချူက ကလေးလေးမှမဟုတ်တော့တာ။ ဟူချူ့အသက် ၃နှစ်နဲ့ ၄လ တောင်ရှိနေပြီ.. ဦးရဲ့"
သုံးနှစ်နဲ့လေးလ။ သူ.. ဟူချူလေးဖြတ်သန်းခဲ့တဲ့သုံးနှစ်ကျော်ချစ်စရာအရွယ်လေးတွေအများကြီးလက်လွတ်ဆုံးရှုံးခဲ့ရတာပဲ။ ဟူချူလေး.. ပထမဆုံးလောကကြီးထဲကိုရောက်တဲ့အချိန်၊ ပထမဆုံးမှောက်တတ်တဲ့အချိန်၊ ပထမဆုံးမတ်တပ်ရပ်နိုင်တဲ့အချိန်၊ ပထမဆုံးလမ်းလျှောက်တဲ့အချိန်၊ ပထမဆုံးစကားပြောတဲ့အချိန်.. အဲ့ဒီ့တန်ဖိုးရှိတဲ့အချိန်လေးတွေကိုမြင်တွေ့ခွင့်သူ့မှာမရှိတော့ဘူးပဲ။
"ဦး.. "
"ဦး.. မဟုတ်ပါဘူး။ Appa ပါ.. ဟူချူ့ရဲ့ Appa ပါ"
"ဟင်! ဦးနဲ့ Appa ကတီဗွီထဲကလိုစိတ်ချင်းလဲသွားကြတာလား"
ဟူချူ့အပြောလေးကြောင့်သူပြုံးလိုက်မိပြီးဟူချူလေးကိုဖက်ထားရာမှလွှတ်ကာမျက်နှာချင်းဆိုင်အောင်ကြည့်လိုက်သည်။
"ဦးကလည်းဟူချူရဲ့အဖေပဲလို့ပြောတာ"
"ဒါဆို.. ဟူချူ့မှာအဖေနှစ်ယောက်တောင်ရှိတာပေါ့.. အဲ့လိုလား"
YOU ARE READING
Tie the Knot (✔️)