3 🪢

2.8K 345 148
                                    

"အမည်.. ကင်ဆော့ဂျင်။ အလုပ်အကိုင်.. ပတ်ဂျီမင်းဆိုတဲ့သူငယ်ချင်းနဲ့နှစ်ယောက်ပေါင်းပြီး online shopping လုပ်တယ်။ ရုံးခန်းလိပ်စာက... ဟင်! ငါတို့ foundation နဲ့မျက်နှာချင်းဆိုင်အဆောက်အဦးမှာသူတို့ကရုံးခန်းဖွင့်ထားတာလား။ နေပါဦး.. အဲ့ဒီ့အဆောက်အဦးကငါ့အပိုင်လေ.. ငါဘာလို့ဒါကိုမသိရတာလဲ"

ဒါဆို.. မေတ္တာတုံးလေးကသူ့ပိုင်နက်ထဲမှာပဲတစ်ချိန်လုံးရှိနေခဲ့တာပဲ။

"ရား.. မင်း.. ဒီနားမှာပဲနေပြီးဘာလို့ငါ့ဆီကိုလာတိုင်းအင်္ကျီလဲမလာတာလဲ။ ညစ်ပတ်လိုက်တာ"

"လဲလာပါတယ်။ ရေတောင်ချိုးလာသေးတယ်။ ဘာလို့လဲ.. ငါ့ဆီကအနံ့ရနေလို့လား.. ခေါင်းမလျှော်ခဲ့မိလို့များလား"

ဘေးမှာထိုင်နေတဲ့ဟိုဆော့က ဘုမသိဘမသိနဲ့ဝတ်ထားတဲ့အင်္ကျီကိုနမ်းကြည့်လိုက်၊ ချိုင်းအောက်ကိုနမ်းကြည့်လိုက်၊ သူ့ဆံပင်သူလက်နဲ့ပွတ်ပြီးနမ်းကြည့်လိုက်ဖြင့်ဗျာများနေတော့၏။

"မင်းကိုပြောတာမဟုတ်ပါဘူး"

"ငါ့ကိုပြောတာမဟုတ်ရင်.. ဘယ်သူ့ကို.. "

"ကင်ဆော့ဂျင်မှာ.. အိမ်ထောင်ရှိတယ်.. ဟုတ်လား"

ကလေးအဖေပါဆိုမှ.. ကျိန်းသေအိမ်ထောင်ရှိနေမှာပေါ့။ ဒါဆို ကလေးကဘာလို့ သူ့ Appa အတွက်ချစ်သူလာရှာတာလဲ။ အကြံအစည်တစ်ခုခုရှိနေလို့များ ကလေးကိုသူ့ဆီလွှတ်လိုက်တာလား။ သူ့ခေါင်းထဲသို့အပြေးဝင်လာကြတဲ့မေးခွန်းတို့ကြောင့် ကင်ဆော့ဂျင်ရဲ့ကိုယ်ရေးအကျဥ်းကိုဆက်ဖတ်ကြည့်ဖို့တောင်အာရုံမရတော့။

"ရှိတာမဟုတ်ပါဘူး။ ရှိခဲ့တာပါ.. လက်ထပ်ပြီးခြောက်လအကြာမှာကွာရှင်းခဲ့တယ်တဲ့"

ဟိုဆော့ရဲ့အသံကိုကြားမှအသိပြန်ဝင်လာပြီးလက်ထဲက ကိုယ်ရေးအကျဥ်းကိုဆက်,ဖတ်ရသည်။ ဒါပေမယ့် ဘာကြောင့်ရယ်မသိ.. တခြားယောက်ျားနဲ့ပတ်သက်ခဲ့ဖူးတယ်ဆိုတဲ့အသိကသူ့ကိုအစာမကြေသလိုလို.. ရင်ပြည့်သလိုလိုဖြစ်စေပါ၏။

"သူ့ ex နာမည်က..ကင်.. နမ်.. ဂျွန်း? ကင်နမ်ဂျွန်းဆိုတာ Dal Group ရဲ့ CEO ကင်နမ်ဂျွန်းလား"

Tie the Knot (✔️)Where stories live. Discover now