12 🪢

2.8K 343 163
                                    

"ဒီည.. ကြယ်ကြွေရင်ကောင်းမယ်။ ဆုတောင်းတာတွေအယုံအကြည်မရှိပေမယ့်.. ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်.. မင်းရဲ့နှလုံးသားကိုဖွင့်ခွင့်ရမယ့်သော့လေးတစ်ချောင်းဖြစ်လိုပါ၏.. လို့ဆုတောင်းချင်တယ်"

သူ့မျက်နှာကိုမျက်တောင်မခတ်တမ်းငေးကြည့်နေသည့် ကြည်ကြည်တောက်တောက်မျက်ဝန်းလေးတွေထဲကညံ့သက်ခြင်းတို့က မျက်တောင်တဖျတ်အတွင်းမှာပင်ရှုပ်ထွေးပွေလီတဲ့အတွေးယာဥ်ကြောထဲသို့ တစ်စက္ကန့်ကို 180 km အရှိန်နှုန်းဖြင့်ခုတ်မောင်းထွက်ပြေးသွားပြန်သည်။ နီးစပ်လာပြီထင်မိတိုင်း အဝေးဆုံးကိုလှည့်,လှည့်ပြေးသွားတတ်တဲ့ဒီအံ့ဖွယ်လူသားလေးကိုထိန်းချုပ်နိုင်တဲ့စွမ်းအားတွေရှိနေရင်သိပ်ကောင်းမှာ။ 

"ကျွန်တော်ကတော့.. ဒီည.. ကြယ်မကြွေပါစေနဲ့လို့ဆုတောင်းမယ်"

"အဝေးကြီးကိုရောက်သွားပြန်ပြီ"

"ဟင်"

"ဘာဖြစ်လို့.. ကိုယ်ရှေ့ကိုတစ်လှမ်းတိုးလာတိုင်း.. နောက်ကိုပြန်လှည့်ပြေးသွားတာလဲ။ အကြောင်းအရင်းကဘာလဲ..စ,တွေ့တုန်းကမင်းကိုရင့်ရင့်သီးသီးပြောဆိုခဲ့မိလို့လား။ အဲ့ဒါတွေကြောင့်ကိုယ့်ကိုမကောင်းတဲ့ကောင်လို့ထင်နေတယ်ဆိုရင်... "

"အဲ့ဒါတွေအတွက် ကျွန်တော့်ကိုတောင်းပန်ခဲ့ပြီးပြီပဲ။ ကျွန်တော်ကအဲ့လောက်ထိအငြှိုးအတေးကြီးတဲ့သူမဟုတ်ပါဘူး"

"ဒါဆို.. ကိုယ့်အဆင့်အတန်းကြောင့်လား။ အဲ့ဒါကြောင့်.. မဖြစ်နိုင်ဘူးလို့ထင်နေတာလား"

"ဟင့်အင်း။ ကျွန်တော်ကလူတွေရဲ့ status ကိုသိပ်ပြီးခေါင်းထဲထည့်တဲ့လူစာမျိုးမဟုတ်ဘူး။ ဆင်းရဲရဲ.. ချမ်းသာသာ.. လူကိုလူလို့ပဲမြင်တယ်။ ပြီးတော့.. ဟူချူကြောင့်လည်းမဟုတ်ဘူး။ ဟူချူရှိနေလို့ ကိုယ့်ကိုယ်ကိုအပြစ်အနာအဆာရှိတဲ့လူတစ်ယောက်လို့လည်းတခါမှမတွေးခဲ့ဖူးဘူး"

"ကင်.. နမ်ဂျွန်းကြောင့်လား"

ငြိမ်သက်နေတဲ့မျက်ဆံလေးတွေလှုပ်ရှားလာပြီးအံ့အားသင့်ဟန်အကြည့်လေး​တွေကသူ့မျက်နှာဆီသို့ဖျတ်ခနဲရောက်လာသည်။

Tie the Knot (✔️)Where stories live. Discover now