4 🪢

2.7K 360 156
                                    

"ဖယောင်းတိုင်.. ဟုတ်လား"

"အေးလေ.. dinner table မှာဖယောင်းတိုင်ကအခြေခံပဲလေ။ မင်း.. ဒါလေးတောင်မသိဘူးလား"

ဒီလောက်ဈေးကြီးပြီး ရင်သက်ရှုမောစရာကောင်းအောင်လှတဲ့မီးဆိုင်းတွေ၊ နံရံကပ်မီးတွေ၊ အလှမီးဆွဲတွေပေါများနေတဲ့ခေတ်ကြီးမှာမီးရောင်မှိန်မှိန်အောက် ဖယောင်းတိုင်တွေထွန်းပြီးညစာစားရတာကိုရိုမန့်တစ်ဆန်တယ်လို့ဘယ်သူကများတီထွင်ခဲ့ပါလိမ့်လို့တွေးမိသလို တစ်ဆက်တည်းမှာပဲငါဘာတွေလုပ်နေပါလိမ့်လို့ကိုယ့်ကိုယ်ကိုမရေမရာလေးမေးခွန်းထုတ်မိသည်။ ဟိုဆော့ သူ့ကိုထူးဆန်းနေတယ်လို့စွပ်စွဲတာလည်းမမှားဘူးပြောရမည်။ အဘယ့်ကြောင့်ဆိုသော်.. သူ့ကိုယ်သူတောင်သံသယပြန်ဝင်နေရပြီမဟုတ်လား..

"ဖယောင်းတိုင်တွေထွန်းရအောင်ဆုတောင်းပွဲလည်းမဟုတ်ဘူး။ ကြောင်တောင်တောင်နဲ့"

"ဪ.. ဆုတောင်းပွဲတွေလိုတော့အများကြီးထွန်းခိုင်းစရာမလိုဘူးပေါ့ကွာ။ နှစ်တိုင်.. သုံးတိုင်လောက်ဆိုတော်ပြီပေါ့။ ဒါနဲ့ ငါတို့ဂျောင်ကုလေးက ဘယ်သူ့ကိုဖိတ်ထားလို့ ဒီလောက်တောင်ယောက်ယက်ခတ်နေပါလိမ့်"

"မင်းမသိလည်းဖြစ်တယ်.. ဒါပဲ"

စကားကိုတိခနဲဖြတ်ချကာ ဖုန်းချပစ်လိုက်ပေမယ့်သူ့အကြည့်တွေကဖုန်းစခရင်ကနေမခွာနိုင်။ ဖုန်းစခရင်ကိုငေးမိတယ်ဆိုတာထက် wallpaper ထားမိတဲ့ပုံလေးကိုတစိမ့်စိမ့်ထိုင်ကြည့်နေမိတယ်ဆိုရင်ပိုမှန်လိမ့်မည်ထင်သည်။ အိမ်ထောင်ရေးဖောက်ပြန်ခဲ့သူမို့မုန်းချင်သည်။ ဒါပေမယ့်ကြည်လင်အေးချမ်းနေသည့်မျက်နှာလေးကိုမြင်လိုက်တာနဲ့အမုန်းဆိုတာဘယ်ချောင်ကပ်သွားသည်မသိ.. ရှာလို့မရအောင်ပျောက်ကွယ်သွားပြန်သည်။ ခက်လိုက်ပါဘိ။

"ဟင်းးး.. ငါဘာတွေလုပ်နေမိပါလိမ့်"

မနက်က မေတ္တာတုံးလေးရဲ့ရုံးခန်းမှာထိုင်စောင့်နေရင်း အလုပ်စားပွဲပေါ်မှာမှန်ဘောင်သွင်းပြီးထောင်ထားတဲ့ဓါတ်ပုံလေးနှစ်ပုံ.. တစ်ပုံက လသားအရွယ်ဟူချူလေးကိုချီထားတဲ့ကင်ဆော့ဂျင်ရဲ့ပုံဖြစ်ပြီးကျန်တစ်ပုံက..ဆော့ဂျင်တစ်ယောက်တည်း ပန်းခင်းလေးထဲတွင်ပန်းပွင့်တွေကြားငုတ်တုတ်လေးထိုင်ကာလက်လေးနှစ်ဖက်ကိုမေးစေ့တွင်ထောက်၍နှုတ်ခမ်းလေးကိုစေ့ပြီး ပါးလေးတွေမို့တက်အောင်ပြုံးနေတဲ့ပုံလေးဖြစ်သည်။

Tie the Knot (✔️)Where stories live. Discover now