10 🪢

2.8K 329 145
                                    

"ဒီကောင်.. အမြဲဒီအတိုင်းပဲလား"

အဖိုးကိုယ်တိုင်ရောက်လာတဲ့နေ့မှပဲ ဂျွန်ဂျောင်ကုတို့မနက်ရုံးရောက်ကတည်းက ဖင်ပူအောင်မထိုင်ဘဲလမ်းသလားနေလေတော့ ရုံးခန်းထဲမှာကျန်နေရစ်ခဲ့သည့် ဟိုဆော့တစ်ယောက်လည်း အဖိုးကိုဘာစကားတွေပြောပြီးဘယ်လိုဆင်ခြေမျိုးပေးရမလဲဆိုတာစဥ်းစားလို့မရတော့တဲ့အဆုံးမှာ.. မျက်လုံးလေး​ပေကလပ်ပေကလပ်ဖြင့်သာ တင်းမာနေသည့်အဖိုးရဲ့မျက်နှာကိုပဲကြောင်စီစီလေးထိုင်ကြည့်နေလိုက်တော့သည်။ သူ့ရဲ့မျက်နှာငယ်လေးကိုမြင်ပြီး သူ့ဒုက္ခကိုအဖိုးစာနာနိုင်လောက်ပါရဲ့...

"အ.. အဖိုး.. ဂျောင်ကုကလေ... "

"ဟုတ်တယ်.. ယောက်ဖ.. အဲ.. ဥက္ကဌကြီးရဲ့။ မြေးလေးဂျောင်ကုကအမြဲဒီလိုပဲ။ လူငယ်ဆိုတော့လည်းအရာရာကိုပေါ့ပေါ့တန်တန်လေးပဲတွေးတယ်ထင်ပါတယ်။ ဒီနေရာကိုလွယ်လွယ်လေးနဲ့ရခဲ့တာကြောင့်လည်းပါမှာပေါ့လေ။ အဲ့ဒါကြောင့် အလုပ်ကိုလေးစားရကောင်းမှန်းမသိ.. လာချင်တဲ့အချိန်လာပြီး ပြန်ချင်တဲ့အချိန်ပြန်တတ်တာ"

ဂျောင်ကုရဲ့ဟာကွက်ကိုအမြဲချောင်းနေတဲ့မန်နေဂျာဘတ်ကတော့အခွင့်အရေးရတုန်းရခိုက် လေလုံးတွေဖြင့်စတင်တိုက်ခိုက်ပါတော့သည်။ သူလည်းအဖိုး.. မန်နေဂျာဘတ်ဆီအာရုံရောက်နေစဥ် ဒီကိုအမြန်ပြန်လာဖို့ဂျောင်ကုထံ ကမန်းကတန်းမက်ဆေ့ချ်ပို့ရသည်။ 

"သူကနေရာမှာအမြဲလိုလိုမရှိတော့သူ့အလုပ်တွေကိုကျွန်တော်ပဲဒိုင်ခံလုပ်နေရတာ။ ဒါရိုက်တာအလုပ်တွေကိုကျွန်တော်ကပဲလုပ်နေရလို့ ဒီကဝန်ထမ်းတွေတောင်ကျွန်တော့်ကိုဒါရိုက်တာရာထူးနဲ့တွဲမြင်ကုန်ကြပြီ။ တကယ်ဆို.. ဒီနေရာက ကျွန်တော့်လိုလုပ်ငန်းအတွေ့အကြုံရှိပြီးတစိုက်မတ်မတ်ကြိုးစားချင်စိတ်ရှိတဲ့လူမျိုးနဲ့ပဲထိုက်တန်..... "

"တိတ်စမ်း!"

ပြတ်ပြတ်သားသားပေါ်ထွက်လာသည့်မာထန်လွန်းသောအော်သံကြောင့်စာခိုးရိုက်နေရတဲ့ဟိုဆော့လက်ထဲကဖုန်းတောင်လွတ်ကျလုမတတ်လန့်သွားရသည်။ မန်နေဂျာဘတ်ဆို ဘယ်လောက်များအံ့အားသင့်သွားခဲ့သည်မသိ.. မျက်လုံးကြီးပြူးလျက်.. သူကိုယ်သူကိုယ်ရည်သွေးနေတဲ့စကားလုံးတွေကိုပင်ယောင်ယမ်းမြိုချလိုက်မိသည်ထင်.. ဂလုဆိုတဲ့အသံကြီးပီပီသသထွက်လာသည်။ အံ့ဩသွားရှာမှာပေါ့..အခုထ,အော်လိုက်တာဂျောင်ကုရဲ့အဖိုးမဟုတ်ဘဲ မန်နေဂျာဘတ်ရဲ့အစ်မအရင်းခေါက်ခေါက်ဂျောင်ကုရဲ့အဖွားကိုယ်တိုင်ဖြစ်​နေတာကိုး။

Tie the Knot (✔️)Where stories live. Discover now