16 🪢

2.8K 319 103
                                    

ပန်းနုရောင်တို့ဖြင့်ယှက်သမ်းနေသောထိုအချစ်ည၏အဖွင့်တွင်ကောင်းကင်၌တိမ်များရွေ့လျားမနေပါ။

ခရမ်းရောင်ဖျော့ဖျော့ကောင်းကင် နောက်ခံတွင်တိမ်မျှင်တိမ်စအနှောင့်အယှက်ကင်းသော လမင်းသည်ကြည်လင်ဝိုင်းစက်နေပြီး သူ့ရင်ထဲရှိတဆတ်ဆတ်တုန်နေသောနှလုံးသားနှင့်ဆန့်ကျင်ဘက်ဆန်စွာငြိမ်ငြိမ်ကြီးရှိနေသည်။ ဘာပဲဖြစ်ဖြစ် ဒီလိုညမျိုးမှာတော့သူဘာကိုမှဂရုစိုက်တော့မည်မဟုတ်၊ ရပ်တန့်လို့ရတော့မှာမဟုတ် ဆိုတာသူ့ကိုယ်သူသိနေသည်။ တဆက်တည်းမှာပဲမသိစိတ်ထဲမှာအကြိမ်ကြိမ်ယိမ်းထိုးနေသောတပ်မက်မှုတို့သည်ခန္ဓာကိုယ်ထဲမှာနေရာအနှံ့ပြေးလွှားနေသဖြင့်တစ်ကိုယ်လုံးပူလောင်လျက်ပို၍ ပို၍ခံရခက်လာသောကြောင့်ထိန်းချုပ်ရခက်နေပြီဖြစ်တဲ့စိတ်ရိုင်းတို့ကိုအဆုံးအထိရွက်လွှင့်တော့မည်ဟုလည်းစိတ်ပိုင်းဖြတ်ထား၏။

~ချလောက်~

အိပ်ခန်းမီးကိုပိတ်၍ညအိပ်မီးကိုဖွင့်လိုက်ချိန်.. အမှောင်ထုထဲသို့အစားထိုးဝင်ရောက်လာသည့် ပုဇွန်ဆီရောင်မှောင်ပျပျမီးရောင်အောက်မှာ အသိစိတ်တို့လွတ်တစ်ချက်, မလွတ်တစ်ချက်အနေအထားဖြင့် မေ့မေ့မူးမူးအနမ်းတွေကြားမိန်းမောနေသောကိုယ်ငယ်လေးသည် မွေ့ရာနှင့်ကျောပြင်၏ အထိအတွေ့ကိုသိရတာနှင့်အနည်းငယ်လူးလွန့်လာကာအပေါ်ကနေ အုပ်မိုးထားသောသူ့ပခုံးကိုလက်လေးများဖြင့်တွန်းလာတော့အသက်ရှူကျပ်လောက်ပြီမှန်းသိရသဖြင့်အနည်းငယ်လူချင်းခွာပေးလိုက်သည်။

ဆော့ဂျင်ကအသက်ကိုအလုအယက်ရှူရင်းမျက်တောင်များကိုတဖျတ်ဖျတ်ခတ်နေပေမယ့် မျက်ဝန်းထဲမှမျက်ဆံကလေးကတော့သူ့မျက်နှာပေါ်ရှိကောက်ကြောင်းများတွင်သာစူးစိုက်ကာတည်ငြိမ်လျက်.. ခပ်ဟဟပွင့်ဟလာသည့်နှုတ်ခမ်းဖူးဖူးလေးကလည်းသူ့ထံမှတစ်ခုခုကိုမျှော်လင့်နေသလိုမျိုး။

"ချစ်တယ်"

နှလုံးသားထဲမှစီးပိုင်လေးနက်စွာကြွတက်လာတဲ့စကားလုံးတို့ကထောင်ပေါင်းများစွာရှိနေသော်လည်းတကယ်တမ်းနှုတ်ဖျားမှဖွင့်အံကျလာသည်ကထိုနှစ်လုံးတည်းသာ။ သို့ပေမယ့်..ပြုံးယောင်သမ်းသွားတဲ့နှုတ်ခမ်းဖူးဖူးလေးနဲ့.. ကြယ်တာရာလေးတွေစုဝေးနေသကဲ့သို့တောက်လက်သွားသည့်မျက်ဝန်းလေးတွေ.. ပြီးတော့.. ရင်ဘတ်ချင်းပူးကပ်ဖက်တွယ်ထားချိန်.. ထပ်တူကျနေသည့်နှလုံးခုန်သံတို့ရဲ့အားဖြည့်မှုတို့ကြောင့် ထိုစကားနှစ်လုံးတည်းနဲ့ပဲဒီညကိုအဆုံးထိခြယ်မှုန်းဖို့လုံလောက်ပါသည်။

Tie the Knot (✔️)Where stories live. Discover now