11 🪢

2.8K 345 157
                                    

"YeonHwa Culture and Arts Foundation မှအသစ်ထပ်မံဖွင့်လှစ်လိုက်သည့် YeonHwa Gallery ၏ဆောင်းဦးအထူး Exhibition နှင့် Charity Project များအားတင်ပြခြင်း။ အစီအစဥ်တစ်အနေဖြင့်... "

"မကြိုက်ဘူး"

"ဒါရိုက်တာဂျွန်.. ကျွန်တော်ဖတ်တောင်မဖတ်ပြရသေးဘူးလေ"

လေသံကအထက်စီးဆန်သလိုခပ်မာမာ၊ ခပ်ပြတ်ပြတ်မို့ ဆော့ဂျင်.. ငြိမ်ငြိမ်ကုတ်ကုတ်လေးထိုင်နေရာမှ မျက်လုံးလေးလှန်ပြီးမဝံ့မရဲဝေ့ကြည့်လိုက်မိသည်။ အစည်အဝေးတင်ပြချက် File ကိုစားပွဲပေါ်ပစ်တင်၍ထိုင်ခုံနောက်မှီတွင်ခပ်လျှောလျှောမှီထိုင်လိုက်သည့်ဂျောင်ကုရဲ့ပုံစံကထိုလူ့ကိုအောင့်သက်သက်ဖြစ်သွားအောင်တမင်သက်သက်ချိုးနှိမ်နေသည့်ပုံ။ ကြည့်ရတာ.. အဲ့ဒီ့မန်နေဂျာဆိုတဲ့လူနဲ့ဆက်ဆံရေးမပြေလည်ကြဘူးထင်ပါရဲ့။

ခေါင်းတညိတ်ညိတ်ဖြင့် သူ့သုံးသပ်ချက်ကိုသူ အားရနေမိရင်းမျက်လုံးအကြည့်ကိုတခြားတစ်ဖက်သို့ပြောင်းလိုက်ချိန်.. သူ့ကိုစူးစမ်းသလိုအကြည့်​တွေကိုဖြုန်းခနဲရင်ဆိုင်လိုက်ရ၏။ အေးလေ.. ဒီအစည်းအဝေးခန်းထဲကလူတွေကလည်းသူ့ကိုကြည့်ပြီး 'ဒီကောင်လေးကဘယ်သူလဲ? ဒါရိုက်တာနဲ့ဘယ်လိုပတ်သက်နေသလဲ?' စသည့်သို့လော, သို့လောမေးခွန်းများဖြင့်ပြန်သုံးသပ်နေကြမှာပေါ့.. သူကလည်းသူတို့ဒါရိုက်တာရဲ့ဘေးမှာထိုင်ခုံအပိုလေးထိုးပြီးထိုင်နေရတာကိုး။ အမှန်အတိုင်းပြောရရင်သူ့ကိုယ်သူလည်းဘာမှန်းသိချင်မိပါ၏။

"မဖတ်ရသေးပေမယ့် ဒီထဲမှာအသေးစိတ်အကုန်ရေးထားတာပဲ။ ကိုယ့်ဘာသာဖတ်လို့ရတယ်လေ။ မန်နေဂျာဘတ်ကကျွန်တော့်ကိုစာမဖတ်တတ်ဘူးလို့ထင်နေတာလား"

"မ.. မဟုတ်ပါဘူး။ ဒါပေမယ့်.. ကျွန်တော်ရှင်းပြတာကိုသေချာနားထောင်ပေးမယ်ဆိုရင်.. "

"သေချာရှင်းပြရလောက်အောင်ပြောင်မြောက်တဲ့ပရောဂျက်လည်းမဟုတ်ဘဲနဲ့"

"ဒါဆို.. ဒါရိုက်တာဂျွန်.. ဘယ်လိုပုံစံမျိုးလိုချင်လဲပြောပြပေး.. "

"မန်နေဂျာဘတ်က Project Manager မဟုတ်ဘူးလား။ ပရောဂျက်တစ်ခုအသစ်လုပ်တိုင်းကျွန်တော်ပဲစဥ်းစားနေရမယ်ဆိုရင်မန်နေဂျာဘတ်ကိုဘာလို့ဒီမှာအလုပ်ခန့်ထားစရာလိုတော့မှာလဲ.. အပိုငွေကုန်အောင်လို့"

Tie the Knot (✔️)Where stories live. Discover now