14 🪢

2.8K 331 132
                                    

မနက်ခင်းရဲ့နွေးပျော့သောနေရောင်ခြည်ကလေးသည်ဝင်းဝင်းဝါဝါလင်းဖြာလာသောအခါနှင်းပွင့်လေးတို့သည်ပုန်းခိုရမည့်နေရာကိုအပူတပြင်းလိုက်ရှာကာ မကြာမီပင်ပတ်ဝန်းကျင်မှ ကစဥ့်ကလျားဆုတ်ခွာသွားကြသည်။ နေရောင်သည်နှင်းပွင့်လေးများကိုဖြတ်ထိုးထားသဖြင့်ငွေမင်ရောင်လက်နေ၏။ နေမင်းကြီး၏ကြိုးစားအားထုတ်မှုကြောင့် ဒီနံနက်ခင်းသည်မချမ်းဘဲနွေးနွေးကလေးနှင့်ကြည်နူးဖွယ်။

"ဂျီနီ.. ဂျီနီ.. ဆော့ဂျီနီ"

ကျေးငှက်သံတကျီကျီတို့ကိုပင်ဖုံးလွှမ်းသွားစေသည့် ထိုအသံဆာဆာလေးပိုင်ရှင်လေးက.. လတ်ဆတ်သောနံနက်ခင်းထက်ပင် လန်းဆန်းတက်ကြွသောအသွင်ဖြင့်အိမ်ထဲသို့ချဥ်းနှင်းဝင်ရောက်လာ၏။

"ဂျီနီ.. ဂျီနီ.. ဆော့... ဟင်!"

စောစောစီးစီး.. ရေကျသံတွေ၊ ကြမ်းပြင်နှင့် brush ပွတ်တိုက်သံတကျစ်ကျစ်တို့ညံစီနေတာကြောင့် ဂျီမင်းအံ့ဩသွားရကာရေချိုးခန်းဆီသို့သွားကြည့်လိုက်တော့.. ကုန်းကုန်းကွကွနဲ့ရေချိုးခန်းကြမ်းပြင်ကိုအားနဲ့မာန်နဲ့တိုက်ချွတ်​ဆေးကြောနေတဲ့ဆော့ဂျင်ကိုတွေ့လိုက်ရသဖြင့်အံ့ဩခြင်းဒီဂရီတွေပိုလို့တောင်မြင့်တက်သွားရသေးသည်။

"ရား..အခုမှမိုးလင်းခါစရှိသေးတယ်.. ဘာတွေလုပ်.. အမလေး!"

မလန့်ဘဲခံနိုင်ရိုးလား.. သူ့ဘက်ကိုဖြည်းဖြည်းချင်းလှည့်လာတဲ့မျက်နှာလေးမှာ.. ဆံပင်ကစုတ်ဖွား၊ မျက်တွင်းကဟောက်ပတ်၊ မျက်ကွင်းတွေကလည်းမီးသွေးနဲ့သုတ်ပြီးကွင်းထားသလားမှတ်ရအောင်ညိုမဲလို့။သူနဲ့မတွေ့ဖြစ်တဲ့နေ့တစ်ပိုင်းဆိုတဲ့ကာလလေးမှာ နဂိုလက်သီးဆုပ်လောက်မျက်နှာသေးသေးလေးက ဇီးရွက်သာသာ ချောင်ကျသွားလိုက်တာများ.. ဘယ်လိုအဖြစ်တွေများကြုံခဲ့လို့သူ့သူငယ်ချင်းလေးဒီလောက်အဖြစ်ဆိုးသွားပါလိမ့်လို့တွေးမိလျှင်စိုးရိမ်စိတ်တို့ကနားထင်ကြောတွေအထိတင်းခနဲ။

"ဘာ.. ဘာတွေဖြစ်ခဲ့လို့လဲ။ မဟုတ်မှလွဲရော.. မနေ့က.. ဂျွန်းနဲ့.."

"ဂျာမန်း"

ပါးစပ်ထဲရှိသလိုကြုံရာခေါ်တတ်တဲ့ဆော့ဂျင်က.. သူ့ကိုတခါတခါဂျာမန်းလို့ခေါ်တတ်သည်။ဘာလို့အဲ့လိုခေါ်လဲမေးရင်ဒီအတိုင်းနာမည်ခေါ်ရတာပျင်းလို့တဲ့လေ။

Tie the Knot (✔️)Where stories live. Discover now