17 🪢

2.7K 325 153
                                    

ပတ်လည်စတုရန်းကီလိုမီတာ ၁၈၀၀ ရှိ၍ကားဖြင့်မောင်းလျှင်အရှေ့မှအနောက်သို့ နှစ်နာရီကြာ၊ တောင်မှမြောက်သို့တစ်နာရီကြာသာမောင်းရသည့်ဂျယ်ဂျူကျွန်းလေးသည်နတ်မင်းကြီးများဖြင့်ပတ်သက်၍ရှေးခေတ်ဒဏ္ဍာရီပုံပြင်များစွာကျန်ခဲ့​သောကြောင့်အလွန်ပင်စိတ်ဝင်စားဖွယ်ရာများဖြင့်ပြည့်နှက်နေ၏။

"အခုကျွန်တော်တို့ရောက်နေတဲ့နေရာကတော့... ယခင်က ဒိုကယ်ဘီလမ်းလို့နာမည်ခေါ်တွင်ခဲ့တဲ့.. Mysterious road.. လျှို့ဝှက်ဆန်းကြယ်လမ်းပဲဖြစ်ပါတယ်"

တာဝန်ခံချွဲ သူတို့အဖွဲ့ကိုခေါ်လာတဲ့ mysterious road ခေါ် လျှို့ဝှက်ဆန်းကြယ်လမ်းသည် ဂျယ်ဂျူးကျွန်း၏ အထင်ကရနေရာများထဲတွင်တစ်ခုအပါအဝင်ဖြစ်၏။ လျှို့ဝှက်ဆန်းကြယ်လမ်းလို့ဆိုလိုက်တာနဲ့ခရီးသွားတွေရဲ့စိတ်ကိုသို့လော, သို့လော.. စိတ်ကူးယဥ်မှုများဖြင့်ဖမ်းစားနိုင်ပေမယ့်တကယ်တမ်းဂျယ်ဂျူးရဲ့လျှို့ဝှက်ဆန်းကြယ်လမ်းဆိုသည်မှာအမြင်အားဖြင့်ဘာမျှဆန်းကြယ်သည်မရှိဘဲ လမ်းဘေးဝဲယာတွင်လယ်ကွင်းများ၊ သစ်ပင်များနှင့်ဆိုင်ခန်းအနည်းအကျဥ်းသာရှိတဲ့သာမန်ကတ္တရာခင်းထားတဲ့ကားလမ်းတစ်လမ်းသာဖြစ်သည်။

"ဒိုကယ်ဘီလမ်း? ဒါဆို.. ဒီလမ်းထဲမှာမှင်စာတွေနေမှာပေါ့နော်.. Appa.. Appa.. ဟူချူ.. မှင်စာတွေကိုတွေ့ဖူးချင်တယ်.. ခေါ်ပေး"

ဆော့ဂျင်ရဲ့လက်မောင်းကိုကိုင်လှုပ်ရင်းပူဆာသလိုလေးပြောနေတဲ့ဟူချူ​လေးကိုကြည့်ရင်းသဘောကျလွန်းစွာရယ်လိုက်ပြီးဒီလမ်းအကြောင်းကိုဟူချူလေးနားလည်လောက်မယ့်စကားလုံးတွေရွေးကာဦးနှောက်ထဲစာစီ၍ပြန်ဖြေဖို့ပါးစပ်ပြင်လိုက်စဥ်...

"မဟုတ်ဘူး.. ဟူချူလေးရဲ့။ မှင်စာတွေနေလို့ဒိုကယ်ဘီလမ်းလို့ခေါ်တာမဟုတ်ဘူး"

ဘေးကနေဝင်ဖြေလိုက်သည့်ကင်နမ်ဂျွန်းကိုသူမကျေမနပ်ဖြင့်မျက်လုံးထောင့်ကပ်ကာကြည့်လိုက်တော့ သူ့မျက်နှာကိုဖျတ်ခနဲတစ်ချက်ဝေ့ကြည့်ရင်းနှုတ်ခမ်းထောင့်လေးကွေးရုံပြုံးလိုက်သည့်ထိုလူရဲ့မျက်နှာပေးကိုမြင်ဖြစ်အောင်မြင်လိုက်ရသေးသည်။ ဒါ.. သူ့ကိုသက်သက်ကျောချင်တဲ့သဘော..

Tie the Knot (✔️)Where stories live. Discover now