8 🪢

2.9K 359 185
                                    

"မင်းဘက်ကခေါင်းတစ်ချက်ပဲညိတ်လိုက်.. မင်းဖြစ်ချင်တာမှန်သမျှအကုန်ဖြစ်စေရမယ်"

တဖိန့်ဖိန့်တောက်လက်နေသောမျက်ဝန်းတွေရဲ့ညှို့ငင်မှုကြောင့်လား.. လေပြည်တွေကသယ်ဆောင်လာတဲ့နှစ်လိုဖွယ်ကိုယ်သင်းရနံ့တွေရဲ့ဖမ်းစားမှုကြောင့်လား.. ရင်ထဲမှာတေးထားခဲ့ဖူးသောအမုန်း၊ ဒေါသ၊ မာန်မာနအစိုင်အခဲတို့က ကလေးများမှုတ်လိုက်သည့်ဆပ်ပြာပူဖောင်းလေးတွေ လေအဝှေ့မှာပန်းရုံထဲတိုးဝင်သွားသလိုတဗွမ်းဗွမ်းကွဲကုန်ကြသည်။သူ.. ရင်ခုန်နေသလား။ ထိုမေးခွန်းအတွက်အဖြေမရှိပေမယ့် တပ်အပ်ပြောနိုင်တာတစ်ခုကတော့သူ့ရင်ခွင်တစ်ခုလုံးတောင့်တင်းနေတယ်ဆိုတာပဲ။

ရင်ခုန်သံတွေနဲ့မစိမ်းသက်တဲ့သူ့အတွက်ဒီခံစားမှုသည် အသစ်စက်စက်ဖြစ်လို့နေသည်။ ဒါဟာ.. ဘယ်လိုရသပါလိမ့်။

"ခင်ဗျား hope torture ဆိုတာကြားဖူးလား။ ကိုယ်ကတော့မရည်ရွယ်ခဲ့ပေမယ့် တခါတလေမှာအမှတ်တမဲ့ကိုယ်ပေးလိုက်မိတဲ့ မျှော်လင့်ချက်သေးသေးလေးကလည်းတဖက်သားကို သေလောက်အောင်နာကျင်မှုမျိုးပေးနိုင်တယ်တဲ့။ အဲ့ဒါကြောင့်.. ဖြစ်လာနိုင်မှာမဟုတ်တဲ့မျှော်လင့်ချက်မျိုးတွေလာမပေးပါနဲ့။ နောက်ဆုတ်လိုက်ပါတော့။ အခုအချိန်နောက်ဆုတ်လည်းနောက်မကျသေးဘူးမဟုတ်လား"

တော်ပါပြီ.. ဒီကြောက်စရာကောင်းတဲ့နွံထဲထပ်ပြီးအနစ်မွန်းမခံချင်တော့ပါဘူး။ ဒီလူကရော.. သူ့ကိုအကြွင်းမဲ့ယုံကြည်မှုမျိုးပေးနိုင်ပါ့မလား။ ဟင့်အင်း.. ဖြစ်နိုင်မယ်မထင်ပါဘူး။

"ဘာလို့.. စတောင်မစရသေးဘဲ.. "

"ခင်ဗျား.. ကျွန်တော့်ကိုယုံလား"

"ဟင်"

"သူများတွေစွပ်စွဲသလိုမျိုး.. ကျွန်တော်ဟာဖောက်ပြန်ခဲ့တာမဟုတ်ပါဘူး.. လုပ်ကြံခံရတာပါလို့ပြောရင်ခင်ဗျား.. ယုံကြည်ပေးနိုင်မလား"

တွေဝေခြင်းအရိပ်များ ထိုလူ၏မျက်ဝန်းထဲတွင်ဖြတ်သန်းသွားသည်ကို မြင်လိုက်ရသောအခါသူ့ရင်ထဲကစူးခနဲအောင့်လာ၏။ မျက်နှာထားကိုတင်းလိုက်ရင်း အကြောင်းအရာတစ်ခုကြောင့်ပြောင်းလဲမလိုဖြစ်သွားသည့် ခံစားချက်တစ်ချို့ကိုမောင်းထုတ်ပစ်ရသည်။ အဲ့ဒါတွေကြောင့်သူ့အနားကိုဘယ်သူမှအလာမခံဘဲ စည်းတွေအထပ်ထပ်တားခဲ့တာ။

Tie the Knot (✔️)Where stories live. Discover now