~တင်းတောင်.. တင်းတောင်~
ကိုယ်တိုင်တံခါးဖွင့်ပြီးဝင်လို့ရတာမှန်ပေမယ့်သားတော်မောင် ဟူချူတစ်ယောက်.. သူမရှိတဲ့အချိန် သူမှာခဲ့၊ ပြောခဲ့ဖူးတဲ့စကားတွေကိုဘယ်လောက်အလေးအနက်ထားပြီးမှတ်သားထားသလဲ စမ်းသပ်ကြည့်ချင်စိတ်ကလေးဝင်လာသဖြင့် တမင်သက်သက်လူခေါ်ဘဲလ်တီးလိုက်ခြင်းဖြစ်သည်။
"ဘယ်သူပါလဲ.. ခင်ဗျာ"
ရှေးဦးစွာတောက်တောက်,တောက်တောက်ပြေးလာသည့်ခြေသံလေးနှင့်အတူအပြင်ကလူကြားနိုင်အောင်လှမ်းအော်ပြီးမေးလာတဲ့အသံစူးစူးလေးကိုအရင်ကြားရသည်။ ထို့နောက် ထပ်မံ၍ ကြားရသည်က ကျွီခနဲခုံဆွဲသံလေး.. ကြည့်ရတာတံခါးအပေါက်ဝတွင်ထားသည့်ခွေးခြေခုံကိုလွှမ်းဆွဲ၊ ခုံပေါ်တက်၊ တံခါးပေါ်မှအပေါက်သေးသေးလေးကနေအပြင်ကိုချောင်းကြည့်ရန်ကြံရွယ်နေပုံရသည်။ ဘဲလ်သံကြားတိုင်းတံခါးတန်းမဖွင့်ပေးရဘူးလို့ သူမှာခဲ့တဲ့စကားကိုမှတ်ထားပုံရတဲ့ဟူချူလေးရဲ့ အပေါက်သေးသေးလေးကနေအပြင်ကိုတက်ချောင်းဖို့ပြင်ဆင်နေပုံလေးကလည်းချစ်စရာ။
"ခစ်.. ခစ်"
အသည်းယားရင်လုပ်တတ်တဲ့ဟူချူရဲ့အကျင့်လေးအတိုင်းခစ်ခနဲရယ်သံလေး။ ပြီးတော့ဒုတ်ခနဲကြမ်းပြင်ပေါ်ခုန်ချသံ၊ ကျွီခနဲကြမ်းနှင့်ထိုင်ခုံခြေထောက်တို့ရဲ့ပွတ်ဆွဲသံအဆင့်ဆင့်ဖြစ်ပွားပြီးနောက်တွင်..
~ဂျလောက်~
"Appa.. Appa"
"ချူချူ"
ဒူးနှစ်ဖက်ကိုအနည်းငယ်ခွင်ကာ လက်လေးနှစ်ဖက်ကားရင်းအသင့်စောင့်နေတဲ့သူ့ကိုယ်ပေါ်ကိုအလိုက်သင့်ခုန်တက်လာတဲ့ဟူချူလေးကိုပွေ့ဖက်ကာပါးလေးတွေကိုဖိကပ်နမ်းရင်း..
"Aigoo.. ချူချူလေး.. တစ်ယောက်တည်းဘယ်လောက်တောင်ဆော့ထားသလဲ.. ဟင်.. တစ်ကိုယ်လုံးချွေးတွေချည်းပဲ။ ဂျီမင်း samchon သနားပါတယ်"
"ဂျီမင်း samchon ဒီမှာမရှိဘူးလေ"
"ဟင်! မရှိဘူး? ဒါဆို.. ဘယ်သူက.. "
"ဟုတ်တယ်.. ဆော့ဂျင်ရဲ့။ ဂျီမင်းက သူမအားလို့သူ့ကိုယ်စားဟူချူ့ကိုနေ့ကလေးထိန်းကျောင်းကနေ သွားကြိုပေးပါဆိုလို့ အန်တီပဲဟူချူ့ကိုကျောင်းကြိုလာတာ"
YOU ARE READING
Tie the Knot (✔️)