18 🪢

3.1K 329 128
                                    

"ဟူချူလေး.. လာ။ မနက်စာအဆင်သင့်ဖြစ်ပြီလာစားတော့"

"ဟုတ်"

"ဘယ်လိုနေလဲ.. စားလို့အဆင်ပြေရဲ့လား"

"အင်း.. စားလို့အရမ်းကောင်းတယ်"

"တော်သေးတာပေါ့။ များများစားနော်"

ကြားနေကျမဟုတ်သောစိုးစိုးစီစီအသံလေးများကြောင့် နေ့လား၊ ညလား၊ အိပ်မက်လား၊ တကယ်လား.. မကွဲပြားတဲ့ယောင်ဝါးဝါးအတွေးများဖြင့်နိုးထလာရသောထိုနံနက်ခင်းသည်ဆော့ဂျင်အတွက်ယခင်နေ့များနှင့်မတူဘဲတမူကွဲပြားလို့နေသည်။

"အင်းးး"

အင်းခနဲသံရှည်တစ်ချက်ဆွဲကာညည်းညူရင်းအပျင်းကြောဆန့်ပြီးမျက်လုံးတွေကိုဖွင့်ဖို့ကြိုးစားပေမယ့်ခေါင်းထဲသို့ဝင်လာသောအသိစိတ်ရဲ့နောက်မှာရှေးဦးစွာခံစားလိုက်ရသည်ကသူ့မျက်လုံးတွေဖွင့်လို့မရအောင်လေးလံကျိန်းစပ်နေခြင်းပင်။ သူ.. မျက်မှောင်လေးကြုံ့ပြီးလေးတိလေးကန်ဖြင့်ထထိုင်ကာထုံဆေးမိသလိုထူထူအမ်းအမ်းဖြစ်နေသောမျက်ခွံတွေကိုတဖြည်းဖြည်းချင်းဖွင့်လိုက်သည်။

"အမလေး! ဒါ.. ဘယ်သူကြီးတုန်း"

မှန်ထဲမှမြင်လိုက်ရတဲ့သူ့ပုံသူကြည့်ပြီးလန့်ဖျန့်ကာအသံထွက်၍ ပင်အော်လိုက်မိသည်။ မလန့်ဘဲနေမလား.. သူ့မျက်လုံးတွေကိုလည်းကြည့်ကြပါဦး။ ညကသူဘယ်လောက်တောင်အားရပါးရငိုလိုက်မိသည်မသိ.. မို့အစ်ဖောင်းကားနေတဲ့သူ့မျက်ခွံတွေက..မသိရင်ဖားမျက်လုံးကြီးအတိုင်း..ယောင်ယမ်းကာဖောင်းအစ်အစ်ကြီးဖြစ်လို့နေသည်။

"အားးး.. ကင်ဆော့ဂျင်ရေ.. သေလိုက်တော့.. ဒီတစ်ခါ.. တကယ်သေလိုက်တော့... အားးး.. ဘာလို့.. သူ့ရှေ့မှာမှ.... အားးး.. ရူးချင်တယ်.. တကယ်"

ဆော့ဂျင်.. သူ့ဆံပင်တွေကိုခပ်ကြမ်းကြမ်းဆွဲဖွကာအော်ဟစ်ညည်းညူမိသည်။ ဘယ့်နှယ်.. ခင်ဗျားထက်ဆယ်ဆပိုပြတ်နိုင်တယ်ဆိုပြီးမာနတလူလူ၊ စိတ်ရူးတဝေဝေနဲ့ကျောခိုင်းထားခဲ့တဲ့ထိုလူ့ရှေ့မှာမှကလေးတစ်ယောက်လိုအော်ဟစ်ငိုယိုရတယ်လို့.. လူကြားလို့မှမကောင်း.. ကင်ဆော့ဂျင်ရယ်။

Tie the Knot (✔️)Where stories live. Discover now