Part - 1 Uni

82.9K 2.7K 173
                                    

" ဖျောက် ဖျောက် ဖျောက် !!! "

လေပင့်ရာအတိုင်း မိုးစက်လေးများက ပြတင်းပေါက်မှန်ကို တစ်ဖျောက်ဖျောက်ရိုက်ခတ်နေကြ၏...။ မိုးကုန်ရာသီဖြစ်တဲ့အလျှောက် မိုးစက်များတစ်ဖွဲဖွဲတစ်ဖွဲဖွဲနှင့် မစဲအောင်ပင် ကမ္ဘာမြေပြင်ပေါ်သို့ နှုတ်ဆက်မိုးအလား ရွာသွန်းနေသည် ။

ရာသီဥတုကချမ်းစိမ့်စိမ့်နဲ့မို့ အနွေးထည်အဖြစ် ဆွယ်တာအင်္ကျီလက်ရှည်အပါးလေးကို အတွင်း shirt အင်္ကျီအဖြူလေးပေါ်ထပ်ကာဝတ်ဆင်ထားရသည် ။ နက်ပြာရောင်ဆွယ်တာအင်္ကျီနှင့် နံ့သာရောင်ဘောင်းဘီရှည်ကို သန့်သန့်ပြန့်ပြန့်ဝတ်ဆင်ထားကာ ဘောင်းဘီအိတ်ထောင်ထဲလက်တစ်ဖက်ထည့်၍ နှုတ်ခမ်းပါးမှာလည်း စီးကရက်တစ်လိပ်ကိုခဲထားလျက် ။ မိုးမင်းကြီး၏အငြိုးကြောင့် ရွာသွန်းလာတဲ့ မိုးစက်တွေ ရိုက်ခတ်နေတဲ့ မှန်ပြင်ကို မျက်တောင်မခတ်တမ်း သူရပ်ငေးကြည့်နေမိသည်...။

အသားရေဖြူသူမို့ နက်ပြာရောင်အင်္ကျီမှာ သူကိုယ်ပေါ်တွင်ထင်း၍ပင်နေလေသည် ။ သူမျက်နှာမှာလည်း အေးစက်ခြင်းများနှင့် တည်ငြိမ်နေ၏...။

" ကျွီး ! "

ဆေးလိပ်မီးကို ပြာခွက်ထဲဖိချကာ ငြိမ်းသတ်လိုက်ပြီး အံဆွဲကို ဆွဲဖွင့်လိုက်သည် ။ သေသေသပ်သပ်နှင့် သပ်ရပ်စွာအသစ်အတိုင်း မဟောင်းမနွမ်းရှိနေသည့် လေးထောင့်သဏ္ဍာန် ခရမ်းရောင်လက်ဆောင်ဗူးကို သူထုတ်ယူလိုက်၏...။ ထိုဗူးထဲကပစ္စည်းကိုစူးစိုက်ကြည့်နေရင်း အတိတ်ကပုံရိပ်တွေ တစ်ဖန်ပြန်လည်သက်ဝင်လာပုံကတစ်ရိပ်ရိပ် ။

" ကျွန်တော်သဘောမတူဘူး ၊ ဒယ်ဒီသူ့ကိုမမွေးစားရဘူး ၊ ကျွန်တော်ခွင့်မပြုဘူး "

" သား "

" သူ့ကြောင့်ကျွန်တော်မာမီသေရတာ ၊ ထွက်သွား ငါ့အိမ်ထဲကခုချက်ချင်းထွက်သွားစမ်း "

အဲ့နေ့က ဒယ်ဒီကလေးတစ်ယောက်ကို မွေးစားဖို့ခေါ်လာခဲ့သည် ။ ဒယ်ဒီမွေးစားမယ့်ကလေးက သူ့မာမီကိုသေစေခဲ့တဲ့ မိန်းမရဲ့သား ။ထိုအချိန်တုန်းက သူအသက် ၁၀ နှစ်သာရှိသေးတာကြောင့် သူကန့်ကွက်မှုကအရာမထင်ခဲ့ပါ ။ သူသဘောမတူတဲ့ကြားက ထိုလူကိုဒယ်ဒီမွေးစားခဲ့သည် ။

Barmahti ( Ongoing )Where stories live. Discover now