Part - 5 Uni

32.2K 1.5K 49
                                    

သူကပဲ ကံဆိုးတာလား ၊ ကံတရားကပဲ ဘာမထီ ဘက်လိုက်နေတာလားမသိတော့ပါ ။ ပြဿနာမဖြစ်ချင်လို့ မပက်သက်မိအောင် တည်တံ့တို့ Company မှာအလုပ်ဝင်ခါမှ ဘာမထီနဲ့ထိတ်တိုက်တွေ့ရမယ့်အဖြစ် ။ ဒီတိုင်းတွေ့ရင်တောင် ဘာမထီဆိုတဲ့သူက သူ့ကိုအမြဲရန်ဆောင်နေတတ်တဲ့သူ ။ ခုလိုတရားလိုဘက်က ရှေ့နေတစ်ယောက်အနေနဲ့သာ တွေ့ကြမယ်ဆို ဘယ်လောက်တောင် ပေါက်ကွဲသောင်းကျန်းမလဲ မေးစရာမလိုဘဲ တွေးကြည့်ရုံနဲ့ သူသိနှင့်နေပြီလေ ။
ဘယ်တတ်နိုင်မလဲ ။ အနည်းဆုံး စကားများရန်ဖြစ်ကြရုံပေါ့ ။

" ဒီလ​တွေထဲ Company အကျိုးအမြတ်များလာတယ်​မဟုတ်​လား အန်ကယ် "

" ဟုတ်တယ်မောင်ရပ်ဝန်း ၊ အစုရှယ်ယာစျေးတွေလည်းအရမ်းတက်နေတယ် "

" ဒါဆိုဘာလို့ D Group နဲ့စာချုပ်ဖျက်ချင်တာလဲ အန်ကယ် ၊ အန်ကယ်တို့ D Group နဲ့လက်တွဲတာအခြေအနေကောင်းတာပဲလေ "

လက်ထဲကိုင်ထားတဲ့ အကျိုးအမြတ်ဇယားကို စားပွဲပေါ်ချရင်း ဦးနေရောင်ထွန်းတောက် ကိုကြည့်လိုက်သည် ။ ထိုသူကမျက်မှောင်ကုတ်လျှက် ...

" D Group နဲ့လက်တွဲတာကောင်းပါတယ် ၊ ဒါပေမယ့် အကျိုးအမြတ်ကထင်သလောက်မရဘူးမောင်ရပ်ဝန်း "

" ဘယ်လိုအကျိုးအမြတ်မရတာလဲအန်ကယ် ၊ ကျွန်တော်ကြည့်ရသလောက်တော့ D Group နဲ့လက်တွဲပြီးနောက်ပိုင်း အရင်ရောင်းအားထက် ၃ ဆလောက်ကို ရောင်းအားမြင့်တက်သွားတယ် ။ ရှယ်ယာစျေးတွေလည်း ၂ ဆလောက်ထိုးတက်သွားတာမဟုတ်ဘူးလားဗျ "

" ဒါကမောင်ရပ်ဝန်းထင်လို့ပါ ၊ အန်ကယ်တို့လက်တွဲထားတဲ့ ပရောဂျက်မှာ တကယ်အကျိုးအမြတ်ရတာက D Group ပဲ ။ ဒါကြောင့်အန်ကယ်စာချုပ်ဖျက်ချင်တာ ၊ တကယ်လို့စာချုပ်ဖျက်ဖို့အဆင်မပြေဘူးဆိုရင်တောင် စာချုပ်အသစ်ချုပ်ချင်တယ် မောင်ရပ်ဝန်း "

" ဖျက်မယ့်အကြောင်းအရင်းနဲ့ အန်ကယ်တို့ချုပ်ထားတဲ့ နှစ်ဦးသဘောတူစာချုပ်ကို ကျွန်တော်ကိုပြပေးလို့ရမလားဗျ "

" ရတာပေါ့ ၊ ခဏလေးနော် အန်ကယ် အတွင်းရေးမှူးကိုယူလာခိုင်းလိုက်မယ် "

Barmahti ( Ongoing )Where stories live. Discover now