Part-7 Uni

31.7K 1.5K 193
                                    

မင်းကြိုက်သလိုလုပ် ! ဆိုပြီး သူ့ဆီပစ်ပေးလိုက်တဲ့ ကိစ္စကိုဖြေရှင်းဖို့ သူအတော်ခေါင်းစားနေရပြီ ။ ဒီလိုဖြစ်လာမှာ ကြိုမြင်လို့ Bar မှာကြောင်ထိုးထားခဲ့ပေမဲ့ တွေ့ချင်တဲ့သူက တကူးတကခေါ်လာခိုင်း၏ ။ တခြားသူသာဆို မရှိဘူး တွေ့လို့မရဘူး အပြတ်ငြင်းပစ်မှာ ။ ခုက ဘာမထီရဲ့ VVIP ကြီးဖြစ်တဲ့ ကိုရပ်ဝန်း ။ အစကတွေ့ရုံတင်ဆိုပြီး ခေါ်တွေ့ပြီးနောက်ပိုင်းမှာ ဒီကောင်မလေးကို ဘယ်လိုမျက်စိကျသွားတယ်မသိ ။ Bar မတက် Club ဘက်ခြေဦးပင်မလှည့်တတ်တဲ့ ကိုရပ်ဝန်းက နောက်ရက်လည်း သူမနဲ့တွေ့ဖို့လာခဲ့ဦးမယ်တဲ့လေ ။

ကိုယ်ရပ်ဝန်း ဘယ်ချိန်လာလာ သူတို့အတွက်ပြဿနာမရှိပေမယ့် ပြဿနာရှိတာက ဘာမထီ ဆိုတဲ့ကောင် ။ ကိုရပ်ဝန်းသဘောကျတဲ့သူက ဒီကောင်အတွက် အမြဲမျက်စိဆံပင်မွှေးစူးသည် ။ ဖျက်စီးလိုက်ရမှ ပျောက်ကွယ်သွားအောင် လုပ်လိုက်ရမှကျေနပ်သည် ။ ခုလည်း ကိုရပ်ဝန်းသဘောကျနေတယ်ဆိုပြီး တသသ ကို Bar မှာနောက်ထပ်မမြင်ချင်ကြောင်း ယတိပြတ် ပြောသွားတာဖြစ်သည် ။

ရှင်းဖို့ကျန်ခဲ့တဲ့သူ့မှာတော့ အခက်တွေ့လျက် ။ သူတို့ကတော့ ပါးစပ်ကပြောပြီး ပြီးရော ။ ကိုယ်ကလက်တွေ့ လူမိုက်လုပ်ရမှာ ။

" ဒီကောင်မလေးကျမှ မင်းအတွက်ရှင်းဖို့အဲ့လောက်တောင်ခက်နေတာလား ခန့်ညား "

မလိုချင်တော့ရင် လွင့်ပစ်လိုက်လို့ အလွယ်ပြောတတ်တဲ့ကောင်က ဒီကောင်မလေးနဲ့ကျမှ မျက်မှောင်ကြုတ်လိုက် စုပ်သပ်လိုက်နှင့် ။ မသိရင် သူ့ကို ကမ္ဘာအခက်ဆုံး ပုစ္ဆာဖြေရှင်းခိုင်းတဲ့အတိုင်း ။

" ဘာလဲ မင်းမလုပ်ရက်လို့လား "

ဘာမှမဆိုပေမယ့် လှည့်ကြည့်လာတဲ့ ခန့်ညားရဲ့ အကြည့်နဲ့တင် သစ်ညိုလက်မြောက်မိသည် ။ ခန့်ညားကိုရှင်းခိုင်းရတဲ့အကြောင်း သူကောင်းကောင်းသိတယ် ။ ဘာမထီနေရာမှာ သူဆိုလည်း ခန့်ညားကိုရှင်းခိုင်းမှာပဲ ။ ခုကြည့်လေ ဒီလောက်လေး ပြောမိတာကို မျက်နှာတိမျက်နှာထားက ​ကြောက်စရာ ။

" စိတ်ကြီးပဲကွာ ၊ မင်းမလုပ်ရက်ရင် ငါ မင်းအစား ရှင်းပေးမယ်ပြောမလို့ပါ "

Barmahti ( Ongoing )Where stories live. Discover now