Part - 11 Uni

29.5K 1.4K 86
                                    

" အရိပ်တောင်မတွေ့လိုက်ဘူး ဟုတ်လား "

" ခွပ် "

" ဖြောင်း "

မနေ့ကတည်း တစ်ညလုံး လူဖြန့်ရှာခိုင်းထားတာတောင် စိတ်ကျေနပ်တဲ့အဖြေရမလာပေ ။ လူအများနဲ့တစ်ယောက် ချောင်းသတ်တာတောင် လွှတ်သွားသေးတာမို့ အသုံးမကျတဲ့ လက်အောက်ငယ်သားထံသို့သာ စစ်သည် ဒေါသတွေပုံချနေမိသည် ။

" တခြားကားတွေ သွားလာတာလည်းခုထိမရှိသေးဘူး Boss "

" ဒီအချိန်မှမတွေ့ရင် လွှတ်သွားလို့ပေါ့ကွ ၊ တောက် သုံးစားလို့ကိုမရဘူး "

" ​ခွပ် "

ချောမောခန့်ညား လွှတ်သွားခြင်းက သူတို့အတွက် တကယ်ဂြိုလ်ဆိုး ။ ဒီကောင် အကြောင်းသူကောင်းကောင်းသိသည် ။ မကြာခင် သေမင်းစာအုပ်နဲ့အတူပြန်လာပြီး သူတို့ကို ကလဲ့စားချေတော့မှာ ။ ချောမောခန့်ညားလိုလူကိုသတ်ဖို့ သူအချိန်ဘယ်လောက်တောင်စောင့်ခဲ့ရသလဲ ။ မနေ့ညလို့အခွင့်အရေးက သူတို့အတွက် နှစ်ခါမရနိုင်ပေ ။

သူတို့အဖြစ်က အကွက်ကျကျ စီစဥ်ရင်းနှီးထားတာလည်း မအောင်မြင် ။ ဒါပြင် ပြဿနာကိုပါ မီးထွန်းရှာလိုက်သေးသည် ။

" အနက်ရောင်နယ်မြေမှာ အင်အားကြီးလို့ မသတ်ရဲဘူး ။ ရန်ကုန်နယ်မြေထဲမှညလည်း အသုံးမကျလို့ မသတ်နိုင်ဘူး ။ မင်းတို့ကောင်တွေ ဘယ်နေရာမှာအသုံးကျလဲ ၊ အလကား ဆန်ကုန်မြေလေးတဲ့ကောင်တွေ "

" ဒုန်း!"

" အား!"

စစ်သည် ရိုက်ချက်ကြောင့် ကြမ်းပြင်ပေါ် လဲကျသွားသူက အတုံးအရုန်း ။ ဒူးထောက်သူကထောက် သွေးသံတွေနဲ့မြင်မကောင်းအောင်လဲနေသူကလဲနဲ့ ဧည့်ခန်းတစ်ခုလုံးမှာ ရှုပ်ပွနေလျက် ။ ထိုအချိန်မှာပင် စစ်သည် လက်ထောက်ဖြစ်သော ကုဋေက တစ်ထွာလောက်သာရှိတဲ့ အိတ်အကြည်လေးကိုကိုင်ကာဝင်လာသည် ။

" သခင်လေး "

" ​ဘာကိစ္စလဲ "

" ချောမောခန့်ညားကိုခေါ်ထုတ်သွားတဲ့သူရှိတယ် သခင်လေး "

" ဘယ်သူလဲ ၊ ဘာမထီလား "

အကြောက်အရွံ့မရှိ သူတို့လက်ထဲက ခေါ်ထုတ်သွားတယ်ဆိုကတည်း တော်ရုံလူမဖြစ်နိုင် ။ ဘာမထီ မဟုတ်ရင် ရဲရင့်သာလွန်ပဲဖြစ်မည် ။ သူစုံစမ်းရသလောက် ချောမောခန့်ညား သူငယ်ချင်းတွေကလည်း ခေတဲ့ကောင်တွေမဟုတ်ပေ ။ ထိချင်တိုင်းထိလို့မရအောင် အင်အားရှိသည် ။ အာဏာရှိသည် ။ အကုန်ခပ်မိုက်မိုက် ခပ်ကြမ်းကြမ်းတွေကြီး ။

Barmahti ( Ongoing )Where stories live. Discover now