Part - 14 Uni

27.3K 1.2K 27
                                    

" လစာကဒါအကုန်ပဲလား "

လကုန်ပြီးတစ်ရက်နေ့ဆို အမြဲကြားရတဲ့ ထိုအိမ်ရဲ့ထုံးစံဖြစ်ပြီး ဒေါ်မေသစ္စာ၏ အသံလည်းဖြစ်သည် ။ သူမရှေ့၌ တသသ ခေါင်းလေးငုံကာ ရပ်နေလျက် ...

" ဟုတ်ကဲ့ အကုန်ပဲ အန်တီလေး "

" အကုန် ! အကုန်ဆိုဘာကြောင့်ငွေတွေကလျော့နေတာလဲ တသသ ၊ ညည်းငါမသိအောင်ဝှက်ထားတယ်မဟုတ်လား "

" သသမဝှက်ထားပါဘူး အန်တီလေး ၊ ဒီလအရက်ပုလင်းဖိုးလျှော်ရလို့လျှော့နေတာပါ "

" အရက်ပုလင်းဖိုးလျှော်လိုက်ရအောင် ညည်းကဘယ်လင်တွေကိုအလကားတိုက်လာတာလဲ တသသ ၊ အရင်လကလည်း ခွက်ကွဲလို့လျှော်လိုက်ရတာနဲ့ အလုပ်နောက်ကျလို့ ဒဏ်ကြေးဖြတ်တာနဲ့ ညည်းဆင်ခြေတွေအမျိုးမျိုးပေးပြီး လစာကိုအပြည့်မအပ်တာ၃လရှိပြီ ။ ပြောစမ်း ဘယ်လင်တွေကိုအမ်းနေတာလဲ "

ဒေါ်မေသစ္စာက စျေးသည်ပီပီ နှုတ်ကြမ်းအာကြမ်းသည် ။ သသကိုကြည့်မရသူပီပီ ဘယ်တော့မှလည်းမကြည်ပါ ။ အကောင်းလုပ်လည်းဆူခံရသည် ။ အဆိုးဖြစ်ခဲ့ရင်တော့ အညိုအမဲစွဲတဲ့အထိ ရိုက်ခံထိ၏ ။ ရသမျှ လစာဆိုလည်း တစ်ကိုယ်ရည်သုံးစွဲဖို့တောင် မချန် အကုန်သိမ်း ။ ခုလည်း လစာအပ်တဲ့ မျက်နှာလေးမှမထောက် သသကို ပြောလိုက်တာရစရာမရှိ ။ ပြောလိုက်ရင်လည်း ယောက်ျားအများကြီးယူထားတဲ့ ဗီဇအတိုင်း သသကို လင်ပေးစားတာမိုးမွှန်လို့ ။ သသက ယောက်ျားလေးဆိုတာ မေ့နေတာလား ။ ​ခြောက်နေတယ်လို့ပဲ ယူဆပစ်လိုက်တာလား အန်တီလေးကိုယ်တိုင်ပဲသိလိမ့်မည် ။

သသမှာ မေမေမျက်နှာကြောင့် သည်းခံနေတာတစ်ပိုင်း ၊ မမ​နေရခက်မှာဆိုးလို့ အောင့်အီးနေတာတစ်ပိုင်း ၊ ရန်ကုန်မှာနေနေစဥ် တစ်ခုတည်းသော တည်းခိုရာ အိမ်လေးဖြစ်နေတာတစ်ပိုင်းမို့ ဘာမှမပြောပဲငြိမ်ခံနေတာ ။ မမသာဒီအိမ်မှာမနေရင် သသထွက်သွားတာကြာပြီ ။ ဒါပြင် မေမေ၏ " သည်းခံပါသားရယ် ၊ မေမေကို သစ္စာပဲလာစောင့်ရှောက်ပေးတာ ၊ သစ္စာကိုသဘောမကျရင်တောင် မေမေနဲ့သားမမမျက်နှာကြောင့်အဆင်ပြေအောင်နေပါ " ဆိုသည့် စကားလေးကြောင့် သည်းခံဖြစ်နေတာလည်းပါသည် ။

Barmahti ( Ongoing )Where stories live. Discover now