Part-18 Uni

32.6K 1.2K 34
                                    

ပြတင်းပေါက်လိုက်ကာစမှ ထိုးဖောက်လာသည့် နေရောင်ခြည်ကြောင့် ရပ်ဝန်း မျက်တောင်ရှည်များ လှုပ်ခတ်လာသည် ။ မျက်လုံးဖွင့်ဖို့ မျက်တောင်ရှည်ကိုပင့်လိုက်ပေမယ့် အလင်းကိုမကြည့်နိုင်၍ ပြန်မှိတ်ထားရသည် ။

နေအပူရှိန်အရ မွန်းတည့်နေပြီးလားတောင်မသိ ။ ဘာမထီ ကျေးဇူးတွေကြောင့် ရပ်ဝန်း ခုမှနိုးသည် ။

" အ ! "

တစ်ဖက်လှည့်ဖို့ ခါးစောင်းလိုက်လျှင် နာကျင်မှုက အသည်းခိုက်မတတ်ခံစားလိုက်ရသည်မို့ ရပ်ဝန်း ဟန်မဆောင်နိုင်စွာ အော်ညည်းမိသည် ။ တစ်ကိုယ်လုံး ကိုင်ရိုက်ခံထားရတဲ့အတိုင်း နာကျင်နေသည် ။ ဒီပုံအတိုင်းဆို သူ ထရောထနိုင်ပါ့မလား ။

ညက ငိုထားရတာကြောင့် မို့အစ်နေမည့် မျက်လုံးကို လက်နှင့်ကာရင်း အလင်းကိုရင်ဆိုင်ဖို့ အားယူရသည် ။ ဝို့တို့ဝါးတားပုံရိပ်လေးတွေကနေ တဖြေးဖြေးထင်းရှင်းလာတဲ့ မြင်ကွင်း​တွေ ။ ထို့နောက်မှာတော့ ဒေါသထွက်စရာမျက်နှာက ထင်းထင်းလင်းလင်း ။

အနားမှာ ဓားသာရှိရင် တစ်ခါတည်းထိုးသတ်ပစ်တယ် ။ ကုတင်ဘေးက စားပွဲပေါ် ကတ်ကြေးတို့ ချွန်ထက်တဲ့ပစ္စည်းတို့ ရှိလိုရှိငြား ရှာကြည့်လိုက်ပေမယ့် ပန်းအိုးလေးတောင်ရှိမနေပေ ။ လည်ပင်းညှစ်သတ်ရအောင်လည်း သူနှိပ်စက်ထားတဲ့ဒဏ်ကြောင့် ထထိုးဖို့ပင်အားမရှိ ။ ဘာမထီ တော်တော်ကံကောင်းသည် ။ မဟုတ်လို့က ငရဲရောက်ပြီ ။

" အ့ ! "

ရပ်ဝန်း ဖြေးဖြေးချင်း ထထိုင်ဖို့ ကြိုးစားသည် ။ လှုပ်ရှားလိုက်တာနဲ့ ခါးကနာကျင်မှုက တစ်ဆစ်ဆစ် ။ ထိုသို့ခံစားရတိုင်း ဘာမထီကိုပဲ ဒေါသထွက်သည် ။

" မလှုပ်နိုင်ရင် မထနဲ့ "

" ဟင် ! "

ရပ်ဝန်း မျက်မှောင်ကုတ်သွားရသည် ။ သူနိုးနေပြီပေါ့ ။

" ငါစိတ်နဲ့ငါ ထချင်ထမယ် မထချင်မထဘူး ။ မင်းနဲ့မဆိုင်ဘူး "

မလှုပ်နိုင်အောင် လုပ်ခံထားရတာတောင် နှုတ်ခမ်းကစွာတုန်း ။ တကယ်ဆို ဒီလူမနိုးခင်ကတည်းက မထီနိုးနေတာ ။ ညက သူအပေါ် ဘယ်လောက်ကြမ်းခဲ့လဲ ကိုယ့်အကြောင်းကိုသိလို့ ထမသွားဘဲ အိပ်စောင့်နေတာဖြစ်သည် ။

Barmahti ( Ongoing )Where stories live. Discover now