Part-19 Uni

34.5K 1.4K 119
                                    

တည်ငြိမ်အေးဆေးတဲ့သူဖြစ်သော်လည်း စိတ်ဆိုးဒေါသထွက်ပြီဆို သူများနဲ့မတူတဲ့ ကိုငြိမ်းမောင်​အကြောင်းကိုသိလို့ သူမတစ်ယောက်တည်း ဖြေရှင်းဖို့ကြိုးစားသေးသည် ။ သို့ပေမယ့် သမီးငယ် မိခြယ်ကခေါင်းမာသည် ။ ဘယ်လိုမေးမေး ဘယ်လိုပြောပြော မရ ။ ဒါကြောင့်လည်း ခင်ပွန်းဖြစ်သူကို မြေးလေးယောက်ျားခိုးသွားတဲ့ကိစ္စ​ဖွင့်ပြောလိုက်ရသည် ။

သူမစကားကိုကြားတော့ ကိုငြိမ်းမောင်က မျက်မှောင်ကြုတ်နှင့် မျက်မှန်ကိုပင့်တင်ကာ ...

" ငါ့ကိုနောက်တစ်ခေါက်ပြန်ပြောစမ်း "

နားကြားမှားသည်အထင်နှင့် နောက်တစ်ခေါက်ပြန်ပြောခိုင်းရသည် ။ သို့ပေမယ့် ဘယ်နှစ်ခါပြောပြော ထိုစကားပင် ။

" စိန်တို့မြေး ယောက်ျားခိုးသွားလို့ အကို "

ဦးငြိမ်းမောင်မျက်ခုံးတန်းတွေ တွန့်ကွေးသွားရသည် ။ Gay နေတယ်လို့လဲမကြားမိပါဘဲ ယောက်ျားခိုးသွားသည့်ကိစ္စက အဘိုးဖြစ်တဲ့ သူအတွက် မယုံနိုင်စရာပင် ။

​မိသားစုနှစ်ခုရဲ့ ကောင်းပေ့ ချောပေ့ တွေကိုပဲ အမွေရထားတာမို့ ​သူ့မြေးရဲ့ချောမောပြေပြစ်မှုက မိန်းကလေးတွေကြားမှာ ရေပန်းစားသည် ။ ရုပ်ချောတဲ့အလျောက်လည်း ရည်းစားများ၏ ။ ပွေတဲ့ရှုပ်တဲ့နေရာမှာလည်း နာမည်ကြီး ။ ကောင်မလေးတွေဆိုလည်း တစ်ရက်တစ်ယောက်တွဲနေသလားထင်ရအောင် မြင်ရတွေ့ရတာမရိုးရ ။ ​​ဒီလိုမိန်းကလေးတွေပဲ ထည်လဲတွဲခဲ့တဲ့ သူ့မြေးက ​ယောက်ျားခိုးသွားတယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပေ ။ သူ​မိန်းမလျှောက်ပြောနေတာပဲဖြစ်ရမည် ။

" အဲ့တာ တစ်ဖက်ကောင်လေးရဲ့ လူကြီးမိဘတွေဆီတောင်းဖို့ စိန်တို့ မနက်ဖြန် ရန်ကုန်ဆင်းမှဖြစ်မယ် အကို ၊ စိန် ..."

" ဘုတ် ! "

နေ့စဥ်သတင်းစာကိုပိတ်ကာ စားပွဲပေါ် ခပ်ကြမ်းကြမ်း ပစ်တင်လိုက်တာကြောင့် ဒေါ်စိန်ကြည်ဆက်ပြောဖို့ မဝံ့မရဲဖြစ်သွားသည် ။ ပြီးမှ ...

" ရန်ကုန်သွားဖို့ စိန်ကားလည်းစီစဥ်ထားပြီးပါပြီ "

" ဘယ်သူ့သားကိုခိုးသွားတာလဲ ၊ ဟိုကောင်လေးကိုခိုးသွားတာလား "

Barmahti ( Ongoing )Where stories live. Discover now