Part - 3 Uni

36.5K 1.8K 144
                                    

" ကျွတ်..."

အိပ်ရာနိုးနိုးခြင်း အုံခဲနေတဲ့ ခေါင်းကြောင့် ဘာမထီ မျက်မှောင်ကြုတ်ကာ စုပ်သပ်လိုက်သည် ။ မနေ့ညသတိပေးခံရတဲ့ ကိစ္စနဲ့ပက်သက်ပြီးအတွေးလွန်၍ သူရေကိုအတန်ကြာကြီး စိမ်ခဲ့မိသည် ။ပုံမှန်ဆိုရင်တောင် ၄၅မိနစ်ကြာအောင်ချိုးတဲ့သူ ။ မနေ့ညကရေစိမ်ချိုးမိတာဘယ်အချိန်ထိတောင် ကြာသွားတယ်မသိ ။ည ၉ နာရီကတည်းကရေစိမ်လိုက်တာ ခန့်ညားဆီကဖုန်း၀င်လာမှ ထွက်ခဲ့သည် ။ ခုတော့ရေအကြာကြီး စိမ်တဲ့ဒဏ်ကြောင့် လူတစ်ကိုယ်လုံးကိုက်ခဲကာ လေးလံ့နေသည် ။

" ဟက်ချိုး !! "

" ကျွတ် နှာပါစေးလာပြီ "

ခေါင်းကိုက်ခြင်းကမဆုံးသေး ။ ရောဂါတစ်မျိုးထပ်ပေါ်လာတာကြောင့် ထပ်မံစုပ်သပ်ကာ ကုတင်ပေါ်မှထထိုင်လိုက်သည် ။ နာရီကိုလှမ်းကြည့်လိုက်တော့ ၈ နာရီ၁၅မိနစ် ။ သူနိုးနေကျအချိန်ထက်၂နာရီနောက်ကျနေတာကြောင့် အဖျားရှိန်နဲ့အိပ်မောကျနေမှန်းသိလိုက်သည် ။

မနေ့ည ဒယ်ဒီဖုန်းဆက်ခေါ်တာကြောင့် Company ကအပြန် အိမ်ကြီဆီတန်းသွားရသည် ။ ဒယ်ဒီဆီရောက်တော့ ဟိုလူ ဘာတွေချွန်တွန်းထားမှန်းမသိ ။ရောက်ရောက်ခြင်းမှာပင်....

" ငါမင်းကိုဘာပြောထားလဲ ဘာမထီ "

ဒယ်ဒီလို့တောင်သုံးနှုန်းခြင်းမရှိဘဲ ငါဟုသုံးလိုက်တဲ့ဒယ်ဒီကြောင့် ဒယ်ဒီဒေါသထွက်နေမှန်း ဗေဒင်မေးစရာမလိုပဲ သူအတတ်သိလိုက်သည် ။ ဒယ်ဒီမျက်နှာမှာလည်း မှုံကုတ်ကုတ်နှင့် တင်းမာနေသည် ။

" မင်းအိမ်ပေါ်ကဆင်းချင်နေပြီလား "

" ခုလည်း ကျွန်တော် အိမ်မှာနေနေလို့လား "

" ဘာမထီ !! ငါမင်းကိုနှစ်ခါမပြောဘူးနော် မင်းငါ့အကြောင်းကိုကောင်းကောင်းသိတယ်မဟုတ်လား "

ဒယ်ဒီအကြောင်းထက် ဒယ်ဒီရောဂါအကြောင်းသိ၍ သူငြိမ်နေလိုက်ရသည် ။ သူငြိမ်လို့ပြီးသွားမလားဆိုတော့ မပြီးပါ ။ လူကြီးဆိုတဲ့အတိုင်း ရှေးဖြစ်နှောင်းဖြစ်ပါ သတိရတိုင်းပြောပြီးဆူ၏ ။ သူမှာ ပြဿနာရှာချင်စိတ်ကို မနည်းမြိုချပြီး ဆူသမျှနားထောင်ပြီးမှ သူသီးသန့်နေဖို့ ဝယ်ထားသည့် အိမ်သို့ပြန်ခဲ့ရသည် ။

Barmahti ( Ongoing )Where stories live. Discover now