Part-20 Uni ( Edited )

52.3K 1.6K 180
                                    

မှန်​ပေါ် ထင်ဟပ်နေသည့် သသပုံရိပ်လေးဟာ Sexy ဆန်လွန်းနေသဖြင့် အံ့ကြိတ်ထားမိသည် ။ တခြားသူတွေပြောကြတဲ့အတိုင်းဆို သသကို ဒီညကုန်ပစ္စည်းတစ်ခုလို စင်ပေါ်တင်ရောင်းချလိမ့်မည် ။ ပြီးတော့ တိုတိုတိတ်တိတ်ရောင်းဝယ်မှာမဟုတ်ဘဲ လေလံတင်ရောင်းချမှာ ။ ပွဲလာသူတွေက စီးပွားရေးလုပ်ငန်းရှင်တိုင်းခယရတဲ့လူတွေနှင့် တရုတ်သူဌေးတွေဖြစ်ဖို့များသည် ။ ရဲအရာရှိတွေတောင် ဒီလိုပွဲကို မျက်ကွယ်ပြုပေးထားရတဲ့အထိ ဒီ Bar ပိုင်ရှင်က ဘယ်လောက်တောင်အာဏာရှိနေပါသလဲ ။

" ဒီည အရေးကြီးပုဂ္ဂိုလ်လာမယ်ကြားတယ် ။ တို့ထင်တာမမှားရင် Mr Adam ပဲဖြစ်ရမယ် ၊ သူလိုလူကို တွေ့ရဖို့ဆိုတာအရမ်းခက်ခဲတာ ။ မင်းသာသူသဘောကျအောင်ဆွဲဆောင်နိုင်ရင် ​ရွှေဘုံပေါ်ကျသလို တစ်ဘဝလုံးကောင်းစားရလိမ့်မယ် "

သသစိတ်မဝင်စားပါ ။ ခုချိန်မှာ သသ လွှတ်မြောက်ချင်တာပဲသိသည် ။ လွှတ်မြောက်အောင်လည်း ကိုယ့်ကိုယ်ကိုသတ်သေဖို့ကြိုးစားခဲ့သည် ။ သို့သော်ကံတရားက မျက်နှာသာမပေး၍ လွှတ်မြောက်ခွင့်မရခဲ့ပေ ။

" ခဏနေ မင်းအလှပြင်ပြီးမပြီးလာကြည့်တော့မှာ ၊ သူတို့ဝင်လာတဲ့အခါ စောစောကလိုအမှုအကျင့်မျိုးမလုပ်မိစေနဲ့ ၊ သူတို့က သာမန်လူတွေမဟုတ်ဘူး ။ မင်းသိထားတာထက်ပိုကြောက်ဖို့ကောင်းတယ် "

မာမီစကားကြောင့် လက်သီးဆုပ်ထားသည့် သသလက်ချောင်းလေးတွေဟာ လက်သည်းကျိုးမတတ် တင်းကြပ်သွားသည် ။ စူးရှရှ မတိုမရှည်လက်သည်းလေးတွေက ဖိဆုပ်မှုကြောင့် အသားထဲစိုက်ဝင်သွားပုံရသည် ။ သသဘယ်ဘက်လက်ဖဝါး၌ သွေးအနည်းငယ်စိမ့်ထွက်နေ၏ ။

ခံပြင်းနေတဲ့အချိန်မို့ နာကျင်ရမှန်းလည်းမသိ ။ နာတယ်လို့လည်းမခံစားရ ။ အခန်းတံခါးဖွင့်သံကြားမှ ဖိဆုပ်ထားသည့် လက်ကိုအနည်းငယ်ဖြေလျော့မိသည် ။

" အားပါးပါး! လှလိုက်တာ "

အခြေအနေကြည့်ဖို့ဝင်လာခဲ့ပေမယ့် မထင်ထားတဲ့ အလှကြောင့် ဦးနေတံခွန်မှာ ပါးစပ်အဟောင်းသား ။ မြင်တဲ့သူတိုင်း အကြည့်မလွဲနိုင်အောင် တသသရဲ့အလှဟာ စွဲညို့နေသည် ။ ​​ခေါင်းမှခြေဖျားအထိ မလှဘူးဆိုတဲ့ ပစ်ချက်သေးသေးလေးပင်မရှိ ။

Barmahti ( Ongoing )Where stories live. Discover now