Part-17 Uni

35.6K 1.3K 156
                                    

Warning 🚨 အသက် ၁၈ နှစ်မပြည့်သေးသူများ ဒီအပိုင်းကို ကျော်ဖတ်ပါနော် ။ မှောင်တာ ရိုင်းတာ မကြိုက်ရင်လည်း ဒီအပိုင်းကိုကျော်ခွသွားဖို့မေတ္တာရပ်ခံပါတယ် ။

***********

ရန်ကုန်မြို့မှာပင် နေသားမကျသေးတဲ့ ရပ်ဝန်းအတွက် မန္တလေးရောက်လာတော့ပိုဆိုးသည် ။ ဘယ်နေရာ ဘယ်မြို့နယ်ရောက်နေလဲမသိ ။ နေ့ဆိုရင်တောင် အခြေအနေအကဲခတ်ကြည့်လို့ရသေးသည် ။ လူအိပ်ချိန်ဖြစ်နေတော့ ဘယ်နေရာကြည့်ကြည့် သရဲ​ခြောက်မလားထင်ရအောင် တိတ်ဆိတ်လို့ ။

တော်တော် ကလိမ်ကကျစ်ကျတဲ့ကောင် ၊ ဉာဏ်များတဲ့ကောင် ။ အခွင့်ရေးရလို့က ဒင်းကိုအသေ...

" ကျုပ်ကိုဘာလို့မစောင့်တာလဲ "

" ဟင် ! "

ကိုယ့်အတွေးနဲ့ကို ကျိန်ဆဲနေချိန် အနီးကပ်အသံကြောင့် ရပ်ဝန်း ကိုယ်လုံးလေး တုန်တက်သွားရသည် ။ အောက်မှာ ဖွားမြတို့နဲ့ စကားပြောနေမယ်ထင်ထားတာပါ ။ ဘယ်ကတည်းက လိုက်လာတယ်မသိ ။ ရပ်ဝန်းနောက်ရောက်နေသည် ။ တံခါးဘောင်ကို ပခုံးမှီရင်း ထီမထင်မျက်နှာနှင့် ရပ်ဝန်းကိုစူးစိုက်ကြည့်နေသည့် ဘာမထီပုံစံက မိန်းကလေးတွေပစ်ကြွေသွားလောက်ပေမယ့် ရပ်ဝန်းအတွက်တော့ ပြေးထိုးချင်စရာပင် ။

" ကျုပ်မေးတာဘာလို့မဖြေတာလဲ "

ဘာမထီ အသံက စောစောကလို မာထန်နေတာမျိုးမဟုတ်ပေမယ့် တွန့်ကုပ်နေသည့် အတ္တမျက်ခုံးတွေက အလိုမကျဖြစ်နေမှန်းသိသာစွာ ။ ၉ နာရီနီးပါး ကားမောင်းခဲ့ရတဲ့သူဆိုတာ မြင်လို့သာယုံရသည် ။ သူကြည့်တော့ ရပ်ဝန်းထက်ပင် လန်းဆန်းတက်ကြွနေ၏ ။

" တစ်လမ်းလုံး စိတ်ကောက်လာတာ မမောသေးဘူးလား "

​မေးပြီး ရပ်ဝန်း ရှိရာလျှောက်လာသည် ။ စကားပြောချင်စိတ်မရှိ၍ ရပ်ဝန်းရှောင်ထွက်ဖို့ပြင်လိုက်လျှင် ...

" ဘယ်လဲ "

" ငါဘာသာဘယ်သွားသွား "

" ကျုပ်တစ်လမ်းလုံးကားမောင်းခဲ့ရတာပင်ပန်းနေပြီ ၊ ခင်ဗျားကိုချော့ဖို့စိတ်မပါဘူး "

Barmahti ( Ongoing )Where stories live. Discover now