Part-8 Uni

32K 1.4K 84
                                    

" ဒီတိုင်းဝင်သွားလိုက် ကိုသွေး ၊ တံခါးခေါက်လည်း သားနိုးမှာမဟုတ်ဘူး "

မနေ့ည Bar မှာဘယ်လောက်ကဲလာသည်မသိ ။ Gym ကစားဖို့ စောစောထလေ့ရှိတဲ့ သူ့တူက ခုထိနိုးသေးတာကြောင့် ဒီပါပြောသလို တံခါးတွန်းဖွင့်ဝင်လိုက်သည် ။ တံခါးလော့ချနေကျ သူတူ့က ဒီနေ့မှထူးထူးဆန်းဆန်း လော့ချမထားပေ ။ အခန်းထဲဝင်တာနှင့် တွေ့ပါပြီ ကုတင်ပေါ် ပိုးလို့ပက်လက်အိပ်နေသည့် သူတို့၏မျိုးဆက်အလိမ္မာတုံးကြီး ဘာမထီ ။ သူ့ညီအလိုလိုက်ထားတဲ့တိုင်း တစ်သွေမသိမ်းကြီးပြင်းလာတဲ့ တူလေး ။ သူတို့ညီအစ်ကိုတွေလိမ္မာသလောက် ဒင်းကဆိုးသည် ။ မိုက်သည် ။ မင်းတူဘယ်လောက်မိုက်လဲမေးရင် " ငါ့တူက မိုက်တာတောင်ဆရာမလိုဘူး ။ တူလေးကိုယ်တိုင်ကိုကခေါင်းဆောင်ကြီးဖြစ်နေတာဟေ့ " ဆိုပြီးအော်ပြောကြေငြာရမည့်အဖြစ်။

ဒီလိုဆိုးချင်တိုင်း ဆိုးနေတာကလည်း သူတို့ညီအစ်ကိုနှစ်ယောက်ကြောင်းလည်းပါသည် ။ မိတဆိုးလေးဆိုပြီး ဖခင်ဖြစ်သူက အလိုလိုက်လိုက် ဦးလေးဖြစ်တဲ့သူက အလိုလိုက်လိုက်နဲ့ လိုလေသေးမရှိဘဲ ကြီးပြင်းခဲ့ရတာ ။ ရန်ဖြစ်လို့ရှင်းရပြီဟေ့ဆိုရင် သူကပိုက်ဆံအိတ်တကားကားနဲ့ လိုက်ရှင်းတာအမြဲ ။ တစ်ခါတစ်လေ ဒီပါအရမ်းစိတ်ဆိုးပြီး ဆူရင်တောင် ..

" ကိုယ့်ရန်လာစတဲ့ကောင်ကို ဘယ်သူကပြုံးပြုံးကြီးထိုင်ကြည့်နေမှာတုန်း ဒီပါရ "

ဟုကာဆီးကာဆီးနဲ့အမြဲလိုက်ပြောပေးတတ်သလို သူ့တူကလည်း....

" တစ်ချက်ပဲထိုးလိုက်တာပါဖေဖေရာ ၊ သူဘာသာပျော့ပြီး မေ့သွားတာ ။ ကျွန်တော်တကယ်လုပ်ရင် တိုင်ဖို့အခွင့်အရေးတောင်ရလိုက်မှာမဟုတ်ဘူး "

ဆိုပြီး လူမိုက်လိုလို ပြောတတ်သေးသည် ။ တကယ်လည်း ကိုယ့်တူလုပ်ရင် အဲ့ကောင်လေးတစ်ချက်နဲ့သေမှာ ။ သူအဲ့လိုတွေဘက်လိုက်ပြောလွန်းလို့လည်း သူနဲ့သူ့တူကို ဒီပါလက်မြောက်ထားတာ ။ သားရပ်ဝန်းကိစ္စကတော့ ချွင်ချက်ပေါ့ ။

" သား ထတော့ အချိန်မစောတော့ဘူး "

ဘာမထီ လက်မောင်းလေးကိုပုတ်ကာ အိပ်ရာထရန် ဦးစစ်သွေး လှုပ်နှိုးလိုက်သည် ။

Barmahti ( Ongoing )Where stories live. Discover now