Part - 10 Uni

28.4K 1.3K 62
                                    

ဘာမထီနှင့်စကားများထားတာမို့ ရပ်ဝန်းကိုဘယ်သူမှလာမနှောင့်ယှက်ရဲကြပေ ။ အန်ကယ်မှာထားတာကြောင့်လည်းပါလိမ့်မည် ။ ည ၇ နာရီလောက်မှ ညစာစားရန် ထပ်လာခေါ်သည် ။ သို့သော် စားချင်စိတ်မရှိတာမို့ လာခေါ်တဲ့ စိုးစိုးကိုသာ စကားအလှနှင့် ငြင်းလွှတ်ရသည် ။ ဒါနဲ့ပြီးပြီလားဆိုတော့လည်း မပြီးသေးပါ ။ စိတ်ပူတဲ့အန်ကယ်က ကြီးကြီးကိုဘာပြောလိုက်သည်မသိ ။ ရပ်ဝန်းဆီချက်ချင်းဖုန်းဆက်လာသည် ။

" သားညစာမစားဘူးဆို "

ဖုန်းကိုင်လိုက်တာနှင့် အလျင်စလိုထွက်လာသည့် ကြီးကြီး၏စိတ်ပူသံ ။ ရပ်ဝန်း သက်ပြင်းဖွဖွချကာ ...

" ကျွန်တော်ဗိုက်မဆာလို့ပါ "

" နေ့လည်ကလည်းမစားဘူး ။ ညကျလည်းမစားဘူးဆိုတော့ မဆာတာဟုတ်ရဲ့လား "

" ကျွန်တော်တကယ်ဗိုက်မဆာလို့ပါ ကြီးကြီး "

" ကြီးကြီးကိုမလိမ်နဲ့သား ၊ ကြီးကြီးသားအကြောင်းကောင်းကောင်းသိတယ် ။ သား မထီကိုစိတ်ဆိုးနေလို့ မစားတာမဟုတ်လား "

" .............."

ပြန်မဖြေပါ ။ တိတ်ဆိတ်ငြိမ်သက်ခြင်းက ဝန်ခံခြင်းပဲမို့ ဒေါ်တင်ချစ် နှုတ်ခမ်းတွန့်ရုံပြုံး၍ ခေါင်းအသာယမ်းမိသည် ။ လူကဖြင့် အသက် ၃၀ ပြည့်တော့မယ် ။ တစ်ခါတစ်လေ မထီထက်ပင်ကလေးဆန်တတ်သေးသည် ။ ရင့်ကျက်တဲ့အချိန်ဆိုလည်း တကယ်လူကြီးလေးလိုပင် ။ ကလေးဆန်လာပြီဟေ့ဆိုရင် ကလေးကတောင်လက်မြောက်ရတဲ့အထိ သူမတူက ကလေးဆန်၏ ။

" သား !"

" ဗျာ "

" ကြီးကြီးသားကလိမ္မာပါတယ် ၊ ညစာဆင်းစားလိုက်နော် ၊ တော်ကြာကျန်းမားရေးထိခိုက်နေမယ် ၊ ကြီးကြီးသားကိုစိတ်ပူလို့ "

" ကျွန်တော် မစားချင်ဘူးကြီးကြီး ၊ အန်ကယ်အရိပ်အောက်ကမလွှတ်ကင်းနိုင်ဘူးဆိုပြီး သူကကျွန်တော်ကိုနိုင်ချင်သလိုနိုင်နေတာ ၊ အကြီး အကြီးမှန်းလည်းမသိဘူး ။ သူမျက်နှာမကြည့်ချင်လို့ကို ကျွန်တော်အခန်းထဲကျွန်တော်နေနေတာ "

" မထီအိမ်မှာမရှိဘူးသား ၊ ကားပြိုင်သွားတယ်ဆိုလား "

လွှတ်ခနဲပြောပြီးမှ မပြောသင့်မှန်းသတိရလိုက်သည် ။ ကိုဒီပါဘက်က သူ့ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်းနဲ့ တိုင်ပင်ခဲ့တာကြောင့် သူမဘက်ကလည်း ကောင်းသလိုစီစဥ်ဖို့ပြောခဲ့သည်မဟုတ်လား ။ တော်ကြာ သူမစကားကြောင့် မထီအပေါ် သားရပ်ဝန်း မကောင်းမြင်သွားဦးမည် ။

Barmahti ( Ongoing )Where stories live. Discover now