Part - 15 Uni

27.4K 1.2K 128
                                    

အလယ်ဘုံမှာရှိတဲ့ ဖဲချပ်ကို ရင်တစ်ထိတ်ထိတ်နဲ့ ဆွဲယူလိုက်သည် ။ ဖဲကဒ်က ဂဏာန်းလေးကိုမြင်တော့ ဒေါ်မေသစ္စာ အကြီးအကျယ် စိတ်ပျက်သွား၏ ။

ဒီနေ့လည်း သူမနေ့မဟုတ်သေးဘူးထင်သည် ။ တသသဆီရလာတဲ့လစာတွေ အကုန်ကုန်ပြီး ချေးဆော့တာတောင်မနိုင် ။ ထုတ်သမျှအကုန်ကုန်နေ၏ ။

" ကျွတ် ! ရှူံးပြန်ပြီ "

ဖဲကိုပစ်ချလိုက်တာ စိတ်ပျက်လက်ပျက် ။ ဒေါ်မေသစ္စာနှင့် မျက်နှာခြင်းဆိုင်တွင် ထိုင်နေသော သူဌေးမကြီး ဒေါ်ပြုံးက....

" ရပ်ရင်ရပ်လိုက်တော့ မမေ ၊ ဒီနေ့နဲ့တင် ကျွန်မဆီလှည့်တာ ၁၀ လောက်ရှိပြီ ။ အရင်ယူထားတာနဲ့ဆို မနည်းတော့ဘူး ။ ဘယ်လိုလုပ်မလဲ မမေ ၊ အိမ်စာချုပ်နဲ့ချေလိုက်ရမလား ။ ကျွန်မလည်းဒီနေ့တော်တော်ထိတယ် "

" ခုလောလောဆယ် ကျွန်မမှာလည်း မပြုံးကိုပေးစရာမရှိသေးဘူး ၊ ကိုတေဇဆီကလည်း ကျွန်မ ၅သိန်းလောက်ဆွဲထားသေးတယ် ။ ဒါကိုတသသမသိသေးဘူး ။ သိရင်ပြဿနာဖြစ်အုံးမှာ ၊ ကျွန်မကိုအချိန်နည်းနည်းစောင့်ပေးမပြုံး ၊ ကျွန်မကြံကြည့်ပါဦးမယ် "

" ဖြစ်နိုင်ရင်တော့ စောင့်ချင်တာပေါ့ မမေရယ် ၊ ဒါမယ့်အိမ်ကအမျိုးသားကငွေလိုနေပြီ ။ ကျွန်မတို့လည်း အထက်ကိုငွေသွင်းရအုုံးမှာ ၊ မနက်ဖြန်လောက်ပဲအချိန်ရမယ် "

ဖဲချိုးရင်း ပြောနေသည့် ဒေါ်ပြုံးကြောင့် ဒေါ်မေသစ္စာ အကြပ်ရိုက်သွားသည် ။ သူမမှာ ဒေါ်ပြုံးကိုပေးရမယ့် ငွေသိန်း ၂၅၀ မပြောနဲ့ တသသ လစာထုတ်ပေးထားတဲ့ ၂သိန်းကိုတောင် ဘယ်လိုရှာဖြည့်ရမှန်းမသိသေး ။ ကိုတေဇထဲက ဆွဲရအောင်လည်း အရင်တစ်ပတ်ကမှ ၅သိန်းသွားယူထားသည်မို့ ထပ်ယူလို့မရ ။ အိမ်စာချုပ်အရှုံးခံရအောင်လည်း ဒီအိမ်လေးရှိလို့သာ သူမတို့အနေချောင်နေတာ ။ ဒီအိမ်သာမရှိရင် သူမတို့ဘ၀ လမ်းဘေးခွေးထက်တောင် အခြေအနေဆိုးသွားနိုင်သည် ။ ငွေသိန်း၂၅၀ချပေးရအောင်လဲ ဒီလောက်များတဲ့ငွေ ဘယ်မှာသွားရှာရမလဲ ။

" မနက်ဖြန်ဆိုကျွန်မရှာလို့မရနိုင်ဘူး ။ ထပ်စောင့်ပေးလို့မရဘူးလား ပြုံးရယ် "

Barmahti ( Ongoing )Where stories live. Discover now