Part - 6 Uni

31.3K 1.3K 79
                                    

" ငါ့ခါးကိုမဖက်နဲ့ "

" ငြိမ်ငြိမ်နေ ! "

" ငါမင်းထက်အသက်ကြီးတယ်နော် ဘာမထီ ၊ ငါ့ကို ၅ နှစ်ကလေးလိုလာမဆက်ဆံနဲ့ ၊ ငါမကြိုက်ဘူး လွှတ်! "

လမ်းပျောက်သွားမှာစိုးရိမ်ရတဲ့ ကလေးပမာ ရပ်ဝန်းခါးကိုဖက်ကာ အတင်းဆွဲခေါ်နေတဲ့ ဘာမထီ အား စိတ်ဆိုးမာန်ဆိုးပြောဆိုရင်း အတင်းရုန်းထွက်မိသည် ။ သို့ပေမဲ့ ဘာမထီ လက်တွေက နွယ်ပင်ပမာ ရုန်းလေတင်းလေနှင့် ပိုဖက်လာသေး၏ ။ ဒီနေရာ ဒီဒေသက သူ့ပိုင်နက်ဆိုပြီး လူကိုပိုင်စိုးပိုင်နင်းလုပ်နေတာ ။ နေနှင့်ဦး ကိုယ့်အလှည့်ရောက်လို့က ဒင်း အသေပဲ ။

" ဘာမထီ ! "

ဘာမထီနဲ့ရပ်ဝန်း ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်မှာပင် ဆူညံ့သံများနှင့်အတူ Club ထဲလူတစ်စုဝင်လာ၏ ။

" ကျွန်မကိုလွှတ်ပေးပါ ကျွန်မတောင်းပန်ပါတယ်ရှင် ကျွန်မကိုလွှတ်ပေးပါနော် "

" ဟင် ! ဒီအသံ ! "

ရပ်ဝန်း နားထဲတိုးဝင်လာသည့်က ကူကယ်ရာမဲ့နေတဲ့ မိန်းကလေးအသံမို့ အသံလာရာကို လှမ်းကြည့်လိုက်မိသည် ။ ထိုမိန်းကလေး၏ ဘေးတစ်ဖက်တစ်ချက်ဆီမှာ အနက်ရောင်ဝတ်စုံကို စနစ်တကျ ဝတ်ဆင်ထားတဲ့ ဗလတောင်တောင့် ယောက်ျားသားနှစ်ယောက်က သူမကိုဖမ်းချုပ်ထားသည် ။

မိန်းကလေးတစ်ယောက်ကို လူနှစ်ယောက်ဖမ်းချုပ်ထားရလောက်တဲ့ထိ သူမကဘာအပြစ်များကျူးလွန်ထားလို့လဲ ။ ခိုးဆိုးလူနှိုက်လားလို့ ​ထင်ရအောင်လည်း သူမပုံစံက သားသားနားနား ။ ရန်ရှာလို့လို့တွေးရအောင်လည်း သူမက မိန်းမသားမို့ ယောက်ျားသားနဲ့တုဖြစ်လောက်တဲ့ထိ သူမရဲမည်မထင် ။ ဘာကြောင့်ဖမ်းထားသည်မသိပေမယ့် သူရှေ့မှာ မိန်းမသားတစ်ယောက် ကူကယ်ရာမဲ့နေတာကိုတော့ ဒီတိုင်းရပ်ကြည့်မနေနိုင်ပေ ။

" မင်းတို့တွေ ... "

" Boss ! "

ရပ်ဝန်းဝင်တားမည်အပြု သူတို့နောက်မှာ ပါလာတဲ့ ကောင်လေး၏ ခေါ်သံကြောင့် ရပ်ဝန်း မျက်ခုံးတန်းလေးပင့်တက်သွားရသည် ။ သူတို့ဘယ်သူကို Boss လို့ခေါ်လိုက်တာလဲ ။ မဟုတ်မှ ...

Barmahti ( Ongoing )Where stories live. Discover now