Part - 4 ( Uni )

34.8K 1.7K 59
                                    

" ကျွန်တော်ကိုပုံမှန်တစ်ပွဲလောက်ချပေးပါခင်ဗျာ "

ကြီးကြီးကိုလှမ်းစရင်း စားပွဲခုံမှာ ပေါ့ပေါ့ပါးပါးဝင်ထိုင်လိုက်သည် ။ သူ့ကိုမြင်သည်နှင့် ကြီးကြီးမှာတအံ့တသြဖြစ်လျက် ...

" ဟယ် ဘယ်လိုရောက်လာတာလဲ "

" Taxi ဆရာကို ကြီးကြီးဆိုင်လိပ်စာပြောပြီးလာတာကြီးကြီး ၊ လမ်းကသိပ်မခက်ပါဘူး လည်ထွက်နေတာပဲ "

ရပ်ဝန်းပြောရင်း ပြုံးလိုက်တော့ ကြီးကြီးပါလိုက်ပြုံးသည် ။

" မနေ့ကမင်း ကြီးကြီးဆီဖုန်းဆက်မလာဘူးနော် ၊ ဖုန်းမဆက်အားရအောင်တစ်နေကုန်ဘယ်ပျောက်နေတာလဲ "

" အလုပ်သွားလျှောက်နေတာကြီးကြီး "

" ဟင် ! မြန်မာပြည်ပြန်လာတာမှရက်ပိုင်းရှိသေးတယ် အလုပ်လုပ်တော့မလိုလား နားနားနေနေ နေဦးမှပေါ့ "

" ဒီလောက်နားရတာနဲ့တင် ကျွန်တော်အတွက်လုံလောက်ပါပြီဗျာ "

" မင်းနဲ့လည်းသိပ်ခက်တာပဲ ၊ ဘယ်လိုလဲ မနေ့ကအလုပ်သွားလျှောက်တာအလုပ်ရလာရဲ့လား "

" အဆင်မပြေခဲ့ဘူးကြီးကြီး "

" မင်း ယူလာတဲ့ပညာနဲ့ဘွဲ့ကအလုပ်ရှာရမခက်ပါဘူး ၊ မင်းကသာအလုပ်လိုက်လျှောက်နေတာ မင်းပါးစပ်က ကျွန်တော်အလုပ်ဝင်တော့မယ်ပြောကြည့် ၊ ကိုဒီပါဒိတ်ကမင်းအတွက်နေရာပေးဖို့အသင့်ပဲ ၊ သူကကြီးကြီးကိုတောင်ပြောနေသေးတာ ၊ မင်းကမလုပ်ချင်လို့ရယ် "

ကြီးကြီးပြောသလို သူသာခေါင်းညိတ်မယ်ဆိုရင် သူ့အတွက်အလုပ်ဆိုတာမရှားပါ ။ မျက်စိတစ်မှိတ်အတွင်း CEO ရာထူးပါရနိုင်တဲ့အထိ အန်ကယ်ဒီပါဒိတ်က သူ့ကိုအလိုရှိနေသည် ။ သို့ပေမဲ့ ထိုအခွင့်အရေးကို သူမလိုချင်သလို နောက်ထပ်အန်ကယ်ဆီက အကူအညီယူဖို့လည်းမရှိတော့ပေ ။ ချက်ချင်းမကင်းနိုင်သေးရင်တောင် တဖြေးဖြေးကင်းနိုင်အောင်ကြိုးစားရမည် ။ ဘာကြောင့်ဆို ဘာမထီဆိုတဲ့ကောင်နှင့် သူ လုံးဝမပက်သက်ချင်တော့လို့ပင် ။

" ခုမင်းဘယ် company မှာအလုပ်သွားလျှောက်တာလဲ "

" ဒီတိုင်းပါပဲ ကြီးကြီး အသိညွှန်းရာပေါ့ "

Barmahti ( Ongoing )Where stories live. Discover now