Part - 16 Uni

30.6K 1.4K 173
                                    

" ဒုတ် ! "

" ဟင် ! "

ရေဗူးချသံက ညင်သာခြင်းအလျင်းမရှိ ။ ရပ်ဝန်း ရေဗူးကိုယူကာ ထိန်ထိန်တို့ဘက် လှမ်းပေးဖို့လက်လှမ်းလိုက်လျှင် ....

" ခင်ဗျားသောက်ဖို့ ! "

ရပ်ဝန်း ဆွံအကာ မော့ကြည့်မိသည် ။ သူက ဘယ်သူဘယ်လိုထင်ထင် ဂရုမစိုက်သည့်မျက်နှာနှင့် ထိုင်နေတာ ခပ်တည်တည် ။ စားပွဲဝိုင်းမှာ လူ၃ယောက်ရှိသည် ။ သူယူလာတဲ့ရေက တစ်ဗူးတည်း ၊ ယူလက်စနဲ့ ၃ ဗူးသယ်ခဲ့တော့ ​လက်ကျိုးသွားမှာမို့လို့လား ။

မိန်းကလေးတွေ ဦးစားပေးတော့ သူကမကြိုက် ။ ပေးပစ်ရင် တစ်နေကုန် အရွဲတိုက်လိမ့်မည် ။ မပေးတော့လည်း မိန်းကလေးအပေါ် ဦးစားမပေးရာကြသည် ။ ရပ်ဝန်းအဖြစ်က 'ဆုပ်လျှင်စူး စားလျှင်ရူး '

" ရေဆာတယ်မဟုတ်လား ၊ သောက်လေ "

မျက်စောင်းမမည်သော မျက်ဝန်းစူးစူးဖြင့် စိုက်ကြည့်လိုက်သည် ။ ကိုယ်က သူ့လို မျက်နှာပြောင်တဲ့သူမဟုတ်တော့ ဘယ်လိုစိတ်နဲ့ မြိုချနိုင်မှာလဲ ။

" သောက်စရာရှိတာသောက် ၊ သူတို့မှာခြေထောက်ပါတယ် သောက်ချင်ရင် သွားယူသောက်လိမ့်မယ် "

ဒဏ်ရာရှိနေသည့် လက်နှင့် ရေဗူးဖွင့်ပေးပြီး ရပ်ဝန်းရှေ့ချပေးလာသည် ။ ရပ်ဝန်းအားနာနေမှု သဘောမကျ၍ မျက်မှောင်ကုတ်ကြီးနှင့် ကြည့်နေသည် ။ သူအလိုမကျလျှင် အရာဝတ္ထုတောင် ချမ်းသာရာမရသည့်အဖြစ်ကို သိသည့် ကလေးနှစ်ယောက်ကလည်း ငြိမ်နေတာကုပ်လို့ ။

" ငါရေခဲရေမသောက်ချင်ဘူး "

ရမလားလို့ အတွန့်တက်ကြည့်သည် ။ ကိုယ့်ထက်လည်တဲ့ ဘာမထီက ...

" ခင်ဗျားအကြောင်းသိလို့ ၊ သိပ်မအေးတဲ့ဗူးထဲကယူခဲ့တာ "

" ပိုက် ! "

" အင့် ! "

နေလုံးကြီး အရှေ့ရပ်က ဝင်တော့မှာလား ။
စိတ်လက်တစ်ဆစ်ပဲရှိတဲ့ လူက မညီးမညူလုပ်ပေးနေတာ စိတ်ရှည်လက်ရှည် ။ တခြားလူတွေအပေါ်ဆို တစ်လောကလုံး သူလုပ်စာထိုင်စားနေသလို ရူတည်တည်နှင့် ။ ညီမဝမ်းကွဲဖြစ်တဲ့ သူမတောင် ဒီလောက်ဂရုစိုက်မခံရပေ ။

Barmahti ( Ongoing )Where stories live. Discover now