Part-13 Uni

26.9K 1.3K 35
                                    

အမှိုက်တောင်းထဲရှိနေရမည့်အရာက လင်ဗန်းပေါ် သေသေသပ်သပ်လေး ရှိနေသည် ။ သစ်ညို အံ့သြကာ ခန့်ညားအားလှမ်းကြည့်မိသည် ။ သွေးများစွန်းပေသည့် လက်ကိုင်ပုဝါကိုလျှော်ပြီး မီးကြွေနဲ့ပင် ကော့နေအောင်ထိုးထားတာ ထူးထူးခြားခြား ။ ဘာလုပ်ဖို့ပြန်လျှော်ထားသလဲ ။ ခန့်ညားလိုလူက သွေးစွန်းပြီးသား လက်ကိုင်ပုဝါမပြောနှင့် အဝတ်အစားတွေတောင် ပြန်မဝတ်ဘဲ မီးရှိူ့ပစ်တဲ့ကောင် ။ လျှော်ပြီး သုံးတာ သူဗီဇမဟုတ်သလို အဲ့လိုလုပ်မှာလည်းမဟုတ်ပေ ။ ဆင်တူရိုးမှား အသစ်တစ်ထည်ပဲဖြစ်ပါလိမ့်မည် ။

" လက်ကိုင်ပုဝါပြောင်းသုံးနေတာလား "

" ......... "

မဖြေပါ ။ သူ့ကိုမေးတာမဟုတ်တဲ့အတိုင်း လင်ဗန်းထဲက လက်ကိုင်ပုဝါကို ဆွဲယူပြီး ...

" မြေအောက်ခန်းထဲမှာမဟုတ်လား "

" ဟုတ်ကဲ့သခင်လေး ၊ ခုတော့သတိလစ်နေပါတယ် "

သူ့ကိုလုပ်ကြံဖို့ စေလွှတ်ထားတဲ့ လူအများကြီးထဲက တစ်ယောက်ကို အရှင်လတ်လတ်ဖမ်းမိထားသည် ။ နောက်ကွယ်ကလူကိုသေချာမသိသေးပေမယ့် ဘယ်အဖွဲ့ရှိနေလဲဆိုတာ သူရိပ်မိနေပြီးသား ။

" သူသတိရရင် ငါကိုယ်တိုင်ဝင်မယ် "

" မင်းမှာဒဏ်ရာကြီးနဲ့နော် ခန့်ညား "

" ဘာမှမဖြစ်ဘူး "

" ဒါဆိုငါပါလိုက်မယ် "

" မလိုဘူး ပြန်တော့ "

" ဟ !"

ဒီနေ့ သူကံမကောင်းပါလား ။ တစ်နေ့လုံး ငြင်းခံနေရသည် ။ မထီငြင်းလွှတ်လိုက်လို့ ဒီလာသည် ။ ဒီလာတော့ ခန့်ညားကပါနှင်လွှတ်နေသည် ။ မသိရင် သူကပဲ သူတို့အလုပ်ထဲတမင်လျှာရှည်နေသလိုလို ။

ဘာမှပြောခွင့်မပေးဘဲ အခန်းထဲကထွက်သွားသည့် ခန့်ညားကိုကြည့်ပြီး သစ်ညို မျက်မှောင်ကြုတ်ကာ သူရိန်မင်းဘက်လှည့်၍ ....

" ငါကလိုသုံးလား "

" ဟီး ! သခင်လေးကိုဗွေမယူပါနဲ့ဗျာ ၊ သခင်လေးက မမလေးအသိမပေးပဲပြန်သွားလို့ စိတ်မကြည်ဖြစ်နေတာ "

Barmahti ( Ongoing )Where stories live. Discover now