Part-9 Uni

28.6K 1.2K 52
                                    

" ထ "

ဘာမထီ မြေပြင်ပေါ် ထိုင်နေဆဲရှိနေသည့် ချစ်ရိပ်ရပ်ဝန်းလက်မောင်းကို ကိုင်ကာ ဆွဲထူလိုက်သည် ။ ဒီလောက်အကိုက်ခံထားရတာတောင် အဖိုးမတန်တဲ့ ခွေးကို ရင်ခွင်ထဲပွေ့ပိုက်ထားတာ တယုတယ ။

" ဘယ်ကမှန်းမသိတဲ့ခွေးကို အကိုက်ခံပြီးကာကွယ်နေရအောင် ခင်ဗျားရူးနေတာလား ချစ်ရိပ်ရပ်ဝန်း ၊ အဲ့ခွေးကိုချစမ်း အခု "

" ဒါငါ့ခွေး "

" ခင်ဗျားခွေးနေနေ ချသင့်ရင်ချရမှာပေါ့ ၊ ကျုပ်သာရောက်မလာရင် ခင်ဗျားဘယ်လိုဖြစ်သွားမလဲ သိရဲ့လား ။ တွေးမိရဲလား "

ကိုယ့်ကိုယ်ကိုထက် ခွေးကိုပိုချစ်နေတဲ့ လူကို အဲ့လောက်ရူးရလားဆိုပြီး စိတ်ရှိလက်ရှိကိုင်ပေါက်ပစ်လိုက်ချင်သည် ။ သူသာမမြင်မိရင် သူသာရောက်မလာရင် ခွေးကိုက်ခံရပြီး စုတ်ပျက်နေလောက်ပြီ ။ အဖြူစွတ်စွတ်အင်္ကျီက လူသွေးလား ခွေသွေးလားမသိအောင် ရဲရဲနီ ။ ညာဘက်လက်မောင်းနှင့် ဘယ်ဘက်လက်ဖျံတွေမှာ ခြစ်ရာ ကိုက်ရာများဖြင့် ပေါက်ပြဲနေကာ ထိုသွေးစို့စို့ဒဏ်ရာများကပဲ မထီဒေါသကို ပို၍လောင်မြိုက်စေ၏ ။ ရှေ့က လူကတော့ ခွေးကိုပဲ သူ့ကိုယ်သူထက် သနားနေသည် ။
အလကား စောက်ရေးမပါတာ ။

" ကျုပ်ပြောတာကြားလား "

" ကြားတယ် ၊ ငါချစ်လို့ ငါ့ခွေးငါကာကွယ်တာ ။ ဘယ်လိုဖြစ်သွားသွား ငါခွေးဘေးကင်းရင်ရပြီ "

" ခင်ဗျား ရူးသွားပြီ "

" ဟုတ်တယ် ငါရူးတယ် ၊ ဒီခွေးနဲ့ပက်သက်ရင် ငါရူးတယ် ဘာဖြစ်လဲ "

တုန်ခါသွားတဲ့ အသံလှိုင်း ၊ ရွာတော့မယ့်မိုးကဲ့သို့ မျက်ရည်ကြည်များဝေ့တက်လာတဲ့ မျက်ဝန်းညိုညိုလေးကို ကြည့်ပြီး ဘာမထီ အံ့ကြိတ်မိသည် ။ ဘာမထီအတွက်တော့ ဒီလူမျက်ရည်တွေဟာ အဆိပ်တစ်ခွက်ပမာ ခါးသက်ပြီး ပြင်းလွန်းသည် ။ နှလုံးသားထဲ စီးဝင်သွားတဲ့ ခံစားချက်အချို့က အက်ဆစ်များပါနေသလားမသိ ။ တစ်ဆစ်ဆစ်နဲ့ နာကျင်ခံရခက်စေသည် ။

သူ့ကြောင့် ဒီလူ မျက်ရည်ကျအောင်မပြောနဲ့ အသားနာအောင်တောင်လုပ်ခဲ့တာမဟုတ်ပေ ။ ဒီလူမျက်ရည်ကျတာ သူမမြင်ချင်ပါ ။ မဖြစ်သာလို့ကျခဲ့ရင်တောင် သူ့ကြောင့်ပဲဖြစ်ရမည် ။ နာကျင်ရရင်လည်း သူကြောင့်ပဲဖြစ်ရမည် ။

Barmahti ( Ongoing )Where stories live. Discover now