intro (unicode +Zawgyi )

3.8K 87 2
                                    

Unicode >>>>>

ဖြေးညင်းစွာ တိုက်ခတ်နေသော လေပြေလေးများ
ခန္ဓာကိုယ်ပေါ်သို့ ညင်သာစွာဖြတ်ပြေး နေမှုကိုခံစားနေရသည် ။
ကျေးငှက်လေးများ၏ တကျီကျီအသံလေးများကိုလဲ နားထဲတွင် တစ်ချက်တစ်ချက် ကြားနေရသေးသည် ။
ပိတ်ထားသော မျက်ခွံလေးများကို ဖြေးညင်းစွာဖွင့်ကြည့်လိုက်တော့ ပထမဆုံးအလင်းရောင် စူးစူးလေး များက အမြင်အာရုံထဲသို့ ဝင်ရောက်လာ၏ ။
စူးရှသော အလင်းရောင်လေးများကို အန်တုကာ အားယူထကြည့်လိုက်သည် ။

ဘေးပတ်ဝန်းကျင်တစ်ခုလုံးတွင် အစိမ်းရောင်မြက်ခင်းပြင်ကြီးသာ နေရာယူထားပြီး ထိုမြက်ခင်းပြင်ပေါ်တွင် ကျနော်တစ်ဦးတည်းသာ တည်ရှိနေသည် ။
ဦးတည်ချက်မရှိ ဘယ်အရပ် ဘယ်မျက်နှာကို မှမရည်ရွယ်ဘဲ အဆုံးမရှိ ပေါက်ရောက်နေသော မြက်ပင် စိမ်းစိမ်းလေးများကိုသာ ဖြတ်နင်းလျှောက်နေမိသည် ။
အတန်ကြာလျှောက်ပြီးချိန် မြက်ခင်းပြင် ကျယ်ကျယ် ကြီးထဲမှာမှ လူသွားလမ်းပြေပြေ‌လေးကို တွေ့လိုက်ရသည် ။

>>>>>>>>

လမ်းလေးအတိုင်း အချိန် အတော်ကြာ လျှောက်လှမ်း လာခဲ့လိုက်ပီး လမ်းလေးဟာ တောင်ကုန်းလေး တစ်ခုဆီသို့ ဦးတည်နေခဲ့သည် ။
တွေဝေခြင်းမရှိဘဲ ထိုတောင်ကုန်းလေးပေါ်သို့ တက်လာခဲ့လိုက်ရာ
အပေါ်ရောက်တော့ ကျနော့်ခြေထောက် အစုံကို စုံချရပ်လိုက်မိ၏ ။
ကျနော့် မျက်နှာချင်းဆိုင်အရှေ့တည်တည်၌ ကျောပေးရပ်နေသော ကောင်မလေးတစ်ယောက် ရှိနေ‌ခဲ့သည် ။

အဖြူရောင် ဒူးဖုံးဂါဝန်လေးကို ဝတ်ဆင်ထားပီး ၊
ပိတုန်းရောင် ကျောလယ်ထိ ရှည်လျားနက်မှောင်တဲ့ ဆံနွယ်တွေဟာ ပျော့ပျောင်းလွန်း၍ လေတိုက်တိုင်း ယိမ်းနွဲ့နေသည် ။
မြက်ခင်းစိမ်းစိမ်း ပေါ်တွင် ရပ်နေသော ဖြူဖြူဖွေးဖွေး အသားအရည် ပိုင်ရှင် မိန်းကလေး ........
ကျနော် အရမ်းရင်နှီး ခဲ့ဖူးသောကျောပြင် ပိုင်ရှင်လေး..
နောက်ပီး ကျနော် အမြတ်တနိုးခေါ်နေကျ နာမ်စားလေးတစ်ခု.....

" 'မ'..........."

ကျနော့်ခေါ်သံအဆုံး သူမသည် ဖြေးညင်းစွာ ကျနော့်ဘက်သို့ လှည့်ကြည့် လာခဲ့သည် ။
ကျနော် သဘောကျခဲ့ ရတဲ့ မျက်ဝန်း နက်နက်လေး..
ကျနော် စွဲလမ်း ခဲ့ရတဲ့နှုတ်ခမ်း ပါးပါးလေး...
ကျနော် အရမ်းလွမ်း နေခဲ့ရတဲ့ မျက်နှာပိုင်ရှင် လေး
ကျနော်မြတ်နိုးခဲ့ရပါသော ကောင်မလေးကို
ကျနော် ဘာစကားတစ်ခွန်းမှ မပြောနိုင်ဘဲ သူမဆီအပြေးလေးသွားပီး တင်းကြပ်နေအောင် ဖက်ထားမိသည် ။
အရမ်းလွမ်းနေခဲ့ရဝာာ...
အရမ်းသတိရနေခဲ့တာ....
အရမ်းလဲတွေ့ချင်နေခဲ့မိတာ..
နောက်‌ဆုံးတော့ရှာတွေ့ခဲ့ပြီ....

 My Sunshine Tempat cerita menjadi hidup. Temukan sekarang