Part.26

766 44 1
                                    

ကော်ဖီ ဆိုင်လေးရဲ့ မှန်နံရံကနေ အပြင်မှာ ရွာနေတဲ့မိုးကို တွေတွေလေး ငေးကြည့် နေမိသည် ။

'မ'သိလား .... 'မ'တင် ပြောင်းလဲ သွားတာ မဟုတ်ဘူး.. ရာသီဥတုက တွေကလဲ ပြောင်းလဲ နေပီ ။ အချိန်အခါမဟုတ် ဆောင်းရာသီမှာ ရွာနေတဲ့ အေးစက်စက် မိုးကြောင့် 'မ'ရော တစ်ယောက်ထဲ အဆင် ပြေပါ့မလား ။
အရမ်း ချမ်းအေး နေမလား ။
'မ'ကတော့ 'မောင့်'ဘက် ငဲ့မကြည့်ဘဲ ထွက်သွားတာ 'မောင်'ကတော့ အခုထိ 'မ'ကို စိတ်ပူနေမိတုန်း ။

စိတ်တွေကို ညာပီး 'မ'မကြိုက်တဲ့ အရာတွေကို ရွေးလုပ်နေမိတယ် ။
'မ'များ ပြန်လာ မလား ဆိုတဲ့ စိတ်နဲ့လေ..... ဒါပေမဲ့ ဘယ်လိုလုပ်မလဲ 'မ'က ကျနော့်ဆီ ကနေ အဝေးဆုံး ပြန်မလာနိုင်တဲ့ လမ်းကို ထွက်သွားခဲ့တာ ။
'မောင်' ဘယ်လို လုပ်ရမလဲ... 'မောင်'တစ်ယောက်ထဲ ဘယ်လို စိတ်နဲ့ အသက်ရှင် နေထိုင်ရမှာလဲ...

'မ'က အရမ်းမုန်းဖို့ ကောင်းတာဘဲ..... 'မ'စိတ်နဲ့ အသက်ရှင်နေတဲ့ လူကိုမှ တစ်ယောက်ထဲ ထားပြီး ထွက်သွား ခဲ့ရက်တာ ။
'မ' အတ္တသိပ် ကြီးတယ် ။
'မ'က အရမ်း ရက်စက်တာဘဲ ။
'မောင့်'မှာ 'မ'တစ်ယောက်ဘဲ ရှိတာ သိရဲ့သားနဲ့ 'မောင့်'ကို တစ်ယောက်ထဲ ထားခဲ့ရက်တယ် ။

" 'ကို'.....စောင့်နေတာ ကြာပီလား.. မိုးတွေ ရွာနေတော့ ကားကို သေချာဂရုစိုက် မောင်းနေရလို့ 'နှင်း' နောက်ကျ သွားတာ "

အပြင်ဘက်ကိုငေးပြီး ပျံ့လွင့်နေတဲ့ ကျနော့်ရဲ့ စိတ်တွေဟာ ' နှင်းစက်မေ'ရဲ့ အသံကြောင့် ရုတ်ချည်း အသိ ကပ်သွား ခဲ့ရသည် ။
သူ့ဘက်ကို တစ်ချက် ငဲ့ကြည့်ပီး အပြုံး မဟုတ်တဲ့ အပြုံး တစ်ခု ပြုံးပြလိုက်သည် ။
အရှေ့မှာ ချထားတဲ့ ကော်ဖီခွက်ကို ယူသောက်လိုက်ပီး သူ့ကို ဘာစကား တစ်ခွန်းမှ ပြန်မပြောသေးချေ ။ သူကတော့ ကျနော့်မျက်နှာကိုသာ အကြည့်မလွှဲ စိုက်ကြည့် နေခဲ့သည် ။

" မင်း....ငါ့ကို ချစ်နေသေးလား..."

အရင်လို 'နှင်း'လို့တောင် မခေါ် တော့ဘူးဘဲ ။
မမ ကိစ္စမှာ 'နှင်း'က အဓိက ပါဝင် ပတ်သတ်နေတယ် ဆိုတာ 'ကို'များ သိသွားခဲ့ လို့လား ။
မဖြစ်နိုင်ပါဘူး 'ကို'သာ သိသွားခဲ့ရင် 'ကို့'စိတ်နဲ့ဆို 'နှင်း'ကို အခုလို မျက်နှာချင်းဆိုင် ခေါ်တွေ့ နေမှာတောင် မဟုတ်ဘူး ။
အခုလိုမျိုးလဲ အေးဆေး တည်ငြိမ်နေမှာ မဟုတ်ဘူး ။ အခုလို မေးခွန်းမျိုးလဲ မေးနေမှာ မဟုတ်ဘူး ။

 My Sunshine Where stories live. Discover now