Part.7(Unicode +Zawgyi )

906 63 1
                                    

Unicode>>>>>

ဇော်နဲ့အတူ နေ့လည်စားစားပီးတဲ့ နေ့ကစပီး.. ဇော်နဲ့တော်တော်လေး ရင်းနှီးလာ ခဲ့တယ် ။
ရင်းနှီးလာတယ်ဆို .....
ကျွန်မက ဇော့်ဆီကို အကြောင်း အမျိုးမျိုးပြပြီး  အမြဲသွား တတ်သလို .....
လင်း ကလဲ ဇော်နဲ့ကျွန်မနှစ်ယောက်ထဲ ရှိနိုင်မဲ့ အချအ‌ခြေအနေတွေကို အမြဲဖန်တီးပေး တယ်လေ။

ဇော့်ကို အနေအေးတယ်လို့ ကျွန်မ ထင်ခဲ့မိတာ ...
တကယ်တော့ ရေခဲတုံးထက်ကို အေးစက်နိုင်လွန်းတဲ့ လူသားပါ...

အရယ်အပြုံးဆိုလဲတစ်ခါမှမရှိ.....
လူကိုကြည့်ရင်လဲ အေးစက်စက်အကြည့်တွေနဲ့...

စကားကိုလဲ သူပြောချင်တဲ့အချိန်မှပြောတယ်...
တစ်ခါတစ်လေ နှစ်ယောက်အတူရှိနေရင်တောင် ကျွန်မကို ရှိတယ်လို့တောင် ထင်ရဲ့လားမသိ ဘာစကားမှမပြောဘဲ တိတ်ဆိတ်နေတတ်သေးတယ်။

ဘာပဲဖြစ်ဖြစ်......
ဇော့်ရဲ့ လက်ရှိပုံစံလေးကိုဘဲ ကျွန်မက မြတ်မြတ်နိုးနိုး ချစ်နေခဲ့မိတော့ အဆင်ပြေပါတယ်.......

အေးစက်မာကျောနေတဲ့ ဇော့်ရဲ့နှလုံးသားလေးကို  ကျွန်မရဲ့ အချစ်တွေနဲ့ နွေးထွေးလာစေဖို့ အများကြီးချစ်ပေးနိုင်ဖို့ ကြိုးစားရအုံးမယ်။

________________________

"'ဇော်'ရေ...ပီးပီလား.မမတို့က ဘုရားမှာစောင့်နေပီတဲ့"

'မ'က ပိတ်ရက်ကျရင် ဘုရားအတူ သွားမယ် ပြောထားတာကြောင့် ဒီနေ့ပိတ်ရက်ဆိုတော့ ပြင်ဆင်နေတုန်း....
တစ်တိုက်လုံးကြားအောင် အော်နေတဲ့ လင်းကြောင့် ပုဆိုးပင် ကောင်းကောင်းမဝတ်နိုင်ဘဲ အခန်းထဲက ထွက်လာရသည် ။

".ပြီးပြီ ပြီးပြီ.....အာပြဲကြီးနဲ့ အော်မနေနဲ့ဟ...

လာခေါ်မယ်လို့ပြောထားတာကို 'မ'တို့ကအရင်သွားနှင့်ကြဝာာလား"

"ဟုတ်တယ်..မမရဲ့အဖေကလဲ ဘုရားကိုလိုက်ချင်တယ်ဆိုလို့ အရင်သွားနှင့်လိုက်ကြတာ"

"အော်....."

ကျနော့်မှာ သံရှည်ဆွဲကာ ခေါင်းတညိမ့်ညိမ့်နဲ့ ပုဆိုးကို အခုမှ ကောင်းကောင်း ပြင်ဝတ်နေရသည် ။

 My Sunshine Where stories live. Discover now