Part.19

651 44 0
                                    

💬💬💬💬💬

* 'မ'နေ့လည် ကျရင် မောင် မလာတော့ ဘူးနော်
'လင်း'နဲ့ သူ့အမေ အိမ်လိုက်သွား မလို့
နေ့လည်စာကို 'မ'တစ်ယောက် ထဲစားရတော့မယ် *

*ရပါတယ် ...'မောင်'ရဲ့... 'မောင်'သာ စိတ်အေးလက်အေးသွား မကို ဘာမှစိတ်မပူနဲ့ "

* ညနေကျရင်တော့ ...'မောင်'လာကြို မယ်နော်*

* ဟုတ်.....အရမ်းချစ်တယ် 'မောင်'...*

" ဟဲ့...ဘေးမှာ ငါရှိတယ် ဆိုတာလဲ သတိရ အုံးနော်...တကယ်ပဲ ဖုန်းကို ကြည့်ပီး ပြုံးနေလိုက်တာများ မပြောချင်ဘူး...."

" ဟာ..ဖြူရယ်.... နင့်အသံ ကြီးကြောင့် ငါကြည်နူး နေတဲ့ feel တောင်ငုပ်တယ်...."

'မောင့်'ကို ချစ်တယ် လို့သာ ပြောနေရရင် ကျန်တာတွေ ဘာမှ မလိုအပ် တော့ဘူး။
ကိုယ်ချစ်ရတဲ့ သူကို ချစ်တယ်လို့ အချိန်းတိုင်း တဖွဖွ ပြောချင်နေတာ
အခုတော့ သာသနာ ဖျက်က ဘေးမှာ ရှိနေတော့..

" နင်က ငါ့ရှိတယ် ဆိုတာတောင် သတိမရဘူး မဟုတ်လား"

" နင်ဟာနင် ငါ့ရုံးခန်းထဲ လာပီး ထိုင်နေတာလေ...ငါက ဘာကို သတိရရမှာလဲ"

" အေးပါဟယ်...ပြောမိတဲ့ ငါဘဲ မှားတာပါ... ရည်းစားကြီး ငုတ်တုပ် ရှိနေတဲ့သူကို သတိရခိုင်းတဲ့ ကျနော်မျိုးမဘဲ မှားပါတယ် "

လက်အုပ်ကြီး ချီပီး တောင်ပန်သလို လုပ်နေတဲ့ 'ဖြူ'နဲ့လဲ တကယ်မလွယ်ပါ

" တော်ပါ...နေ့လည်စာ ငါနဲ့အတူ လိုက်စား"

"နင်ကျွေးရင်တော့ လိုက်စားမယ်"

" ငဖြူမ...ဘယ်တုန်းကများ မကျွေးဖူးလို့လဲ...သွားတိုင်း ငါဘဲ ကျွေးနေရတာကို ...နင်သာ ကပ်စေးကုပ် နေတာ.."

"ဟီး...ဟီး...."

*******************************

" မေမေရေ... မေမေ....."

သူ့အမေအိမ် ရောက်တာနဲ့ ကလေး တစ်ယောက်လို အော်ခေါ် နေတဲ့ 'လင်း' တစ်ယောက် နဲ့တော့
အခု ပုံစံကို ကုမ္ပဏီကလူတွေ မြင်ရင်တော့ ဝိုင်းရယ် ကြမှာဘဲ။
ကျနော်တောင် သူ့ပုံစံကို ကြည့်ရင်း ရယ်မိ သေးတယ် အရှေ့ကနေ မြှောက်ကြွမြှောက်ကြွနဲ့ ဝင်သွားပီး ပါးစပ်ကလဲ အော်ဟစ်နေတာ။

 My Sunshine Where stories live. Discover now