Part .20

662 39 1
                                    

" 'မောင်'....ဘာလို့ စိုက်ကြည့် နေတာလဲ...."

" 'မ'စား နေတဲ့ ဟာကိုလဲ ကြည့်လိုက် အုံးလေ...
အရမ်း စပ်မဲ့ဟာကြီးကို.."

ရုံးပိတ် ရက်ဖြစ်တာ ကြောင့် နှစ်ယောက်သား အပြင်မှာ dateရင်း၊
'မောင်' ခရီးသွားဖို့ လိုအပ်တာလေးတွေ ဝယ်ရန် mall ထဲသို့ နှစ်ယောက်အတူ ထွက်လာခြင်း ဖြစ်သည်။
လိုအပ်တာ တွေဝယ်ပီး နေ့လည်စာစားဖို့ ဆိုင်တစ်ခုမှာ ထိုင်ရင်း Spicy noodle လေးမှာစား မိပါတယ်.... လူကို စိုက်ကြည့် နေတာ စားမဲ့ ဟာတွေတောင် ပါးစပ်ထဲ မဝင်တော့ဘူး ။

" 'မောင်'ကလဲ အရမ်း မစပ်ပါဘူး..စားကြည့်"

" တော်ပါ...'မောင်'က 'မ'.... period time နီးနေလို့ အစပ်တွေ မစားစေချင်တာ "

" ဟမ်.....'မ' period timeနီးနေ တာကို 'မောင်'က ဘယ်လို သိတာလဲ"

" 'မောင့်'ကလေးမ လေးက တော့လေ......အသက်တွေ ကြီးနေပီဆိုတော့ မေ့တတ် နေပီပေါ့... 'မောင်'နဲ့'မ' စတွေ့ ခဲ့တဲ့ အချိန်က ဘယ်ချိန် မို့လို့လဲ"

" အမ်.......
'မောင်'က အဲ့နေ့ကို မှတ်ထား တာလား...
မှန်မှန် ပြောစမ်း...အဲ့ချိန် ကတည်းက 'မ'ကို ကြိတ်ကြိုက် နေတာမလား"

မျက်လုံး အဝိုင်းသား လေးနဲ့ ပြောလာတဲ့ 'မ'ပုံစံလေး က တကယ့်ကို အူယား စရာလေး...ကျနော့်မှာ မနေနိုင်ဘဲထရယ် လိုက်မိသည်။

" ဟား...ဟား...'မ'ကတော့လေ.... ဟုတ်တယ် အဲ့ချိန် ကတည်းက'မ'ကို ကြိတ်ကြွေ နေခဲ့တာ "

" အဲ့တာများ စောစောစီးစီး ဖွင့်ပြောတာ မဟုတ်ဘူး
မူနေတာ...ဟွန့်...
ကျွန်မ ကဘဲ လူဆိုးမကြီး အဖြစ်နဲ့ အရင်ဖွင့် ပြောခဲ့ရတာ....
အငြင်းက ခံရသေးတယ်...
အား.!!... ပြန်စဉ်းစား ကြည့်ရင် 'မောင်'က အမြင်ကပ် စရာလေးဘဲ...."

မျက်စောင်း လေးတထိုးထိုး နဲ့ ပြောနေတဲ့ 'မ'ကို ကျနော် ပြုံးပြီး တော့သာ ကြည့်နေ မိသည် ။
ဟုတ်ပါတယ်...'မ'ကို အဲ့အချိန် ကတည်းက ရင်ထဲမှာ နေရာပေး ခဲ့မိတာ။
အခုတော့ ရင်ဘတ်ကြီး တစ်ခုလုံးကို 'မ'က အပိုင်သိမ်းသွား ခဲ့ပီ။

" 'ကို'......."

ဘေးနားမှာ ရပ်ပီး ခေါ်လာတာ‌ ကြောင့် မော့ကြည့် လိုက်တော့ 'နှင်းစက်မေ'.....
တစ်ချက်မော့ ကြည့်ပီး 'မ'ကို ပြန်ကြည့် ရသေးသည် ။
တခြား ကြောင့်တော့မဟုတ် 'ကို'ဆိုတဲ့ အခေါ် အဝေါ်ကြောင့် 'မ'များ စိတ်ခု သွားမ လားလို့
ခေါက်ဆွဲကို အစားမပြတ်ဘဲ မျက်လုံးပြူးပြူး လေးနဲ့ 'နှင်း'ကို မော့ကြည့်နေခဲ့သည် ။

 My Sunshine Where stories live. Discover now