Part.15

723 50 1
                                    

" 'ဇော်'!!.........."

'မ'နဲ့ မောင်နှမလို့ ပြောစရာ မလို
လူက မရောက်သေးဘူး အသံက အရင်...

" ဘာလဲ..အော်ကြီးဟစ်ကျယ်နဲ့...ကိုယ့်ကိုကိုယ် သူဌေး ဆိုတာလဲသတိထားအုံး.."

" အေးပါ..ငါက မင်းကိုမှီအောင် အရင်အော် လိုက်တာ.. နေ့လည်စာ သွားစားမလို့လား.."

"အင်း.."

" ငါနဲ့အတူ သွားမယ်.."

" Sorryဘဲ..... ငါ 'မ'နဲ့ အတူ သွားစားမှာ.."

" ငါသိပါတယ်ကွာ...ငါပါ အတူ လိုက်ခဲ့မယ်လို့ပြောတာ.."

" အင်း..လိုက်ခဲ့.."

အောက်ထပ် ကားပါကင်ဆီ ဆင်းဖို့ 'လင်း'နဲ့ အတူ ဓာတ်လှေကား စောင့်နေရင်း......

" ကိုကို 'ဇော်'......."

လာပြန်ပီ
နောက်တစ်ယောက် လူက မရောက်သေးဘူး အသံကအရင်....
ဝတ်ထားတဲ့ စကပ်တိုနဲ့ မှမလိုက် ကျနော့်ဆီ ပြေးလာနေတဲ့ ကောင်မလေး တစ်ယောက်..

" အ......"

"ခွီး....."

" ကိုကိုဇော်...ဘယ်လို လုပ်လိုက်တာလဲ..ဟင့်..ဒီမှာ နာသွားပီ.."

" ငါ မရှောင်ရင်..နင်က ငါ့ကို ဖက်မိတော့မှာလေ"

ကျနော့်ဆီ တည့်တည့်ကြီး ပြေးလာပီး ကျနော်မှ မရှောင်ရင် ကျနော့်ကို ပြေးဖက်တော့မှာ ကျနော် သိသည် ။
ဒါကြောင့် ရောက်ခါ နီးမှာ ကျနော် ရှောင်လိုက်တာ။ ကျနော် ရှောင်လိုက်တော့ သူ့ခမျာအရှိန်လွန်ပီး ပစ်လဲ သွားရသည် ။

" ထ...ညီမလေး ..ရရဲ့လား.. ဘာဖစ်သွား သေးလဲ"

'လင်း' တစ်ယောက်နဲ့တော့ ခုနက ရယ်နေတာ သူမဟုတ်တဲ့ အတိုင်း အခုတော့ သွားထူပီး စိတ်ပူပေးနေတယ်။

" ဘာမှတော့ မဖစ်ပါဘူး..ဒူးနည်းနည်း နာသွားရုံပါ..
ကိုကိုဇော်ကလေ အရမ်း ရက်စက်တာဘဲ..
ကိုကို့ ကိုလွမ်းလွန်းလို့ japanကပြန် ရောက်ရောက်ခြင်း လာခဲ့တာကို ဒီလိုပုံစံမျိုးနဲ့ကြိုဆိုတယ် ဟွန့်......"

'မ'လောက်တောင် ချစ်ဖို့်မကောင်း ဘဲနဲ့ ချွဲနေလိုက်တာများ အမြင်ကပ်စရာ ။

" ငါ့ကို..ကိုကို..ကိုကို ဆိုတာကြီး ‌မခေါ်စမ်းပါနဲ့..
ကြားရတာ နားထဲကို ကန့်လန့်ကန့်လန့်နဲ့..."

 My Sunshine Where stories live. Discover now