part 3.(Unicode +Zawgyi )

996 66 1
                                    

Unicode >>>>

မနက်စာ စားရင်း ၊ အလုပ်ကို အာရုံစိုက်ရင်း ၊နွမ်းလျတဲ့ တစ်နေ့တာကို ဖြတ်သန်းရင်း နဲ့တစ်ရက်ပီးတစ်ရက် ၊တစ်ပတ်ပီး တစ်ပတ် ၊တစ်လပီး တစ်လ အချိန်တွေ‌သာ ကုန်လာခဲ့တယ် ။

ပျော်ရွှင်ခြင်း မရှိတဲ့ နေ့ရက်တွေကို ဖြတ်သန်း နေခဲ့ရတဲ့ ကျနော့်ဘဝမှာ နာကျင်ခြင်း တွေကတော့ ရင်နှင့်အမျှ ။
မငိုနိုင်လို့သာ ရယ်နေခဲ့ ရတာ ကျနော်မပျော်ရွှင် ရတာ တော်တော် ကြာခဲ့ပီ ။

တစ်ရက်တစ်ရက် ရုံးတက်လိုက် ၊ ရုံးဆင်းလိုက်နဲ့သာ အချိန်တွေ ကုန်နေတဲ့ ကျနော့်ဘဝဟာ ငြီးငွေ့ဖွယ်ကောင်း လှသည် ။

ဒါ့အပြင် ကျနော့်မှာ တခြားလုပ်စရာ မရှိပေ ။
ငြီးငွေ့ဖွယ်ကောင်းလှတဲ့ ကျနော့်ဘဝ ထဲကို ပျော်ရွှင်ခြင်းဆိုတာ လမ်းမှား၍ပင် ရောက်မလာခဲ့ချေ။

************************************

ဒီနေ့ဟာ ရုံးပိတ်ရက်မို့ လင်းဆီသွားရန် နန္ဒီတစ်ယောက် နံနက်စောစော ထကာ ပြင်ဆင် စရာ ရှိတာပြင်ဆင် လေသည် ။

ကျွန်မအတွက် အလှဆိုတာ တထူးတခြား ကြီးပြင်စရာမလိုပေ ။
ကျွန်မကိုယ်တိုင်လဲ အလှပြင်ရတာကို မနှစ်သက် ။
ဖြူလွန်းသည့် အသားအရေက မာမီ့ဆီက အမွေရထားပီး ဒယ်ဒီ့လိုခန့်ညားတဲ့ မျက်နှာပေါက်နဲ့ တူတာကြောင့် ကျွန်မသည် လှသည် ဆိုတာထက် မြင်သူတိုင်း နှစ်ခါ ပြန်ကြည့်ရအောင် ဆွဲဆောင်မှု ကောင်းခြင်းမျိုးဖြစ်သည် ။

ဆေးကူစရာ မလိုဘဲ ပန်းစီရောင် သန်းနေသည့်နှုတ်ခမ်းပါးထက်က အပြုံးကြားမှာ ပုရိသ ယောင်္ကျားလေးများသာမက မိန်းကလေးများပါ ပြိုလဲကြသည်။

ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးနှင့် အဝတ်အစားများကို လိုက်ဖက်စွာ ဝတ်ဆင်တတ်သည့် ကျွန်မကို ပိုင်ဆိုင်ချ င်သူများမှာ အများအပြားပင် ။

ပြင်ဆင်အပီး အောက်ထပ်သို့ဆင်းလာကာ...

"ဒယ်ဒီ....သမီးသွားပီနော်..."

ဧည့်ခန်းထဲတွင် သတင်းစာထိုင်ဖတ် နေသာ ဒယ်ဒီ့ကိုနှုတ်ဆက်ကာ လင်းဆီသို့ ထွက်လာခဲ့လိုက်သည် ။

 My Sunshine Where stories live. Discover now