Part.27 (final)

2.6K 68 12
                                    

ဆုံးရှုံးသွားရတဲ့ တန်ဖိုးကို ပြန်ယူဖို့ ဆိုရင် ကျနော် ဘာတွေ ပေးဆပ် ရမလဲ ။ ရယ်ရတယ်နော်... ကိုယ့်ဟာကို ဆုံးရှုံးသွားလို့ ပြန်ယူတာတောင် ပြန်ပီး ပေးဆပ် ရအုံး မယ်တဲ့ ။ ဒါပေမဲ့ ဒီပေးဆပ်မှု အတွက် ကျနော် ကျေနပ် ပါတယ် ။ ဒီလိုလုပ်မှဘဲ ကျနော့် အတွက် တရားမျှတမှု ရှိမှာလေ ။

" အကိုလေး... မမလေးက ခေါ်ခိုင်း လိုက်လို့..."

ကျနော် ခေါင်းတစ်ချက်သာ ငြိမ့်ပြ လိုက်ပီး လာခေါ်တဲ့ လူအနောက်ကနေ ဖြေးဖြေးချင်း လိုက်လာခဲ့ လိုက်သည် ။ ထို့နောက် ထိုလူ ဖွင့်ပေးတဲ့ အခန်းထဲသို့ ဝင်လိုက်တဲ့ အခါ မှန်တင်ခုံရှေ့မှာ မိတ်ကပ် ဆရာတွေနဲ့ ပြင်ဆင် ခြယ်သနေသော 'နှင်းစက်မေ'ကို တွေ့လိုက်ရသည် ။ သူ့အနားသို့ အသာ လျှောက်သွား လိုက်ပီး ....

" 'ကို့'ကို ခေါ်တယ်ဆို.. ဘာလဲ...'ကို'ထွက်ပြေးမှာ ကြောက်လို့လား ..."

သူမ ပြင်ဆင် နေတာတွေကို ခဏရပ်ခိုင်း လိုက်ပီး ကျနော်နဲ့ မျက်နှာချင်းဆိုင် ဘက်သို့ လှည့်လာသည် ။
ဒီလောက်လှတဲ့ မျက်နှာနဲ့မှ မလိုက် လုပ်ခဲ့တဲ့ လုပ်ရပ်တွေက အရမ်းအောက်တန်းကျ လွန်းခဲ့တယ် ။ သူမကလဲ တစ်ချိန်က ကျနော် ချစ်ခဲ့ဖူးတဲ့ သူတဲ့ ။
သူမအတွက်နဲ့ ကျနော့်မှာ သောက်ရူး တစ်ယောက်လို ခံစားခဲ့ ရသေးတယ် ။

" မဟုတ်ပါဘူး 'ကို'ရဲ့ ... ဒီ လက်ထပ်ပွဲ ပီးရင် အိမ်ဘဲ ပြန်နား မှာလား..ဒါမှမဟုတ်... ဟိုဟာ..ဟန်းနီးမွန်း အဖြစ် 'ကို'ဘယ်များ သွားချင် မလဲလို့ ... မင်္ဂလာပွဲကို အမြန်စီစဉ် လိုက်ရတော့ အဲ့တာတွေ မစီစဉ် ရသေးဘူး "

ကျနော် တစ်ချက်ပြုံးပြ လိုက်ပီး....

" 'နှင်း' စိတ်တိုင်းကျ စီစဉ်ပါ ... 'နှင်း'စီစဉ်သမျှ ကို 'ကို'က လက်ခံပီးသား "

သူမက ကျနော့် မျက်နှာကို သေချာ စိုက်ကြည့် နေခဲ့တယ် ။

" 'ကို့'အပြုံးတွေက ဒီနေ့ အရမ်း အသက်ဝင်နေတယ်... "

ကျနော် အခုတစ်ခါတော့ အချိုသာဆုံး ပြန်ပြုံးပြလိုက်ပီး...သူမခေါင်းလေးကို အသာပုတ် လိုက်ကာ...

" ဟုတ်တယ်...'ကို' ဒီနေ့ အရမ်းပျော် နေလို့..."

ကျနော် ပြောလိုက်တော့ သူကလဲ ကျေနပ်သလိုနဲ့ ပါးစပ်လေးကို လက်နဲ့ အသာပိတ်ကာ ရယ်လိုက်သေးတယ် ။ ဘေးမှာရပ်နေတဲ့ မိတ်ကပ်ဆရာ နှစ်ယောက် ကလဲ ကျနော်တို့ နှစ်ယောက်ကို ကြည့်ပီး ပြုံးနေလိုက် ကြတာ ။ ဟုတ်ပါတယ် ... ကျနော် ဒီနေ့ အရမ်း ပျော် နေပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့.......???။

 My Sunshine Where stories live. Discover now