Part.10(Unicode+Zawgyi )

930 54 1
                                    


Unicode>>>>>

အရာ ရာဟာ ပုံမှန်လည်ပတ်ဆဲ လည်ပတ်နေမြဲ
ပါဘဲ ။ ပုံမှန်မဟုတ်တာက ကျနော့်ရဲ့စိတ်တွေ။
တစ်စုံ တစ်ခု၊ တစ်စုံ တစ်ယောက်အတွက် ကျနော် အများကြီး တွေးတောနေခဲ့ရတယ်။

ကိုယ်က ပြန်မလာတော့မဲ့ လူကိုမျှော်ရင်း၊ တိတ်ဆိတ် စွာ လွမ်းရင်း လောကကြီးနဲ့ သူစိမ်း ဆန်လာ ခဲ့ရ တာလေ။
ပျော်ရွှင်မှု ဆိုတာ သူမထွက်သွား ပြီးကတည်းက ကျနော့် အနားမှာမရှိ ခဲ့တော့တာ ....။
သူမကြောင့်လို့သာ တထစ်ချ ထင်နေခဲ့မိသလား ။

အရင်ကသူမကို မုန်းတီး ပီးတော့ နာကျင်ခဲ့ ရတယ် ။
အခုတော့ ကိုယ့်ကိုကိုယ် အပြစ် တင်ရင်း နာကျင် နေရတယ် ။
ဘာကြောင့် နာကျင် ရတယ် ဆိုတဲ့ အကြောင်း အရင်း ကွဲသွားပေမဲ့ ကျနော်ဟာ နာကျင် နေရဆဲပါဘဲ ။
ပျော်ရွှင်ခြင်းဆိုတာ ဘာလဲလို့ မေးယူရလောက်အောင်ထိ နာကျင်ခြင်းတွေက တိုက်စားသွားခဲ့ပြီ ။
ကမ္ဘာကြီးရဲ့တစ်တောင့်တစ်နေရာမှာတော့ ကျနော့်အတွက် ပျော်ရွှင်စရာရပ်ဝန်းလေးတစ်ခု ရှိလိမ့်မယ်လို့ မျှော်လင့်မိပါရဲ့ ။

နာကျင်စရာတွေထဲမှာမှ.....
'မ'ဆိုတဲ့ နာမ်စားလေး တစ်လုံးဟာလဲ ကျနော့်နာကျင်မှုရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ်ပါဝင်နေခဲ့တယ် ။

'မ'က သိပ်လှတယ် ....
မြင်သူတကာငေးမောရလောက်တဲ့အထိ 'မ'ကလှတယ် ....
'မ'ကခေတ်ဆန်တယ် ...
ဒါပေမဲ့ ဘာမိတ်ကပ်အလှအပမှ ခြယ်သခြင်းမရှိပြန်ဘူး ။
အများတကာ အားကျရလောက်တဲ့အထိ 'မ'က အရာရာကို ဦးဆောင်နိုင်ပြန်ရော ။
ဒီလိုအရာရာပြည့်စုံနေတဲ့ 'မ'က ကျနော့်ကို ချစ်ပါတယ်တဲ့ ။

'မ'ရဲ့ အကြည့်အောက်မှာတင် ကျရှုံးနေတဲ့ ဒီလူဟာ 'မ'နှုတ်ကထွက်လာတဲ့ ချစ်ပါတယ်ဆိုတဲ့ စကားကို ခံနိုင်ရိုးရှိပါ့မလား ။
ဒါပေမဲ့ ...'မ'ရဲ့..
ဒါပေမဲ့ဆိုတဲ့နောက်မှာ မဖြစ်နိုင်တာတွေ အများကြီးရှိသေးတယ် ။
ကျနော်တို့နှစ်ယောက်အတူ ပေါင်းစပ်နိုင်ဖို့ကလဲ ဖြစ်နိုင်ပါ့မလား ။

အချိန်အတော်ကြာ ငြိမ်သက်နေခဲ့တဲ့ ရင်ခုန်သံတွကတော့ 'မ'ကြောင့်နဲ့ ငြိမ်သက်ခြင်းတွေကို သစ္စာဖောက်ကုန်ပြီ ။
ကိုယ့်ခံစားချက်အမှန်ကိုတောင် ထုတ်မပြနိုင်တော့တဲ့အထိ ကျနော်ဟာ ပျော့ညံ့သွားခဲ့ပြီ ။
အတိတ်ကနာကျင်ခြင်းတွေကနေရော ရုန်းထွက်နိုင်ပါ့မလား ။


 My Sunshine Where stories live. Discover now